အီရတ်တွင် အိုင်အက်စ်တို့ အသေခံဗုံးခွဲတိုက်ခိုက်၍ ၁၅ ဦးထက်မနည်း သေဆုံး

အီရတ်တွင် အိုင်အက်စ်တို့ အသေခံဗုံးခွဲတိုက်ခိုက်၍ ၁၅ ဦးထက်မနည်း သေဆုံး

မတ် ၂၁ ။          ။ အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်တွင် မတ်လ ၂၀ ရက် ညနေပိုင်းက ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီး အနည်းဆုံး ၁၅ ဦး သေဆုံးသွားခဲ့ကာ အခြား ၃၃ ဦး ဒဏ်ရာရရှိသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုကို မိမိတို့ လုပ်ဆောင်ကြောင်း အစ္စလမ္မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့ (အိုင်အက်စ်) က အွန်လိုင်းမှတဆင့် ထုတ်ပြန်သွားသည်။

မြို့တော် အနောက်ပိုင်း ဟေအယ်လ်အေမယ်လ် ဒေသ လူစည်ကားရာနေရာတစ်ခုတွင် ယမန်နေ့ ညနေပိုင်းက ယင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အစွန်းရောက်ဆွန်နီ အိုင်အက်စ်အုပ်စုမှာ ယခုအခါ အီရတ်နှင့် ဆီးရီးယားတို့တွင် အမေရိကန်ဦးဆောင်သော ညွှန့်ပေါင်းအုပ်စုက ကျောထောက်နောက်ခံပေးထားသော အီရတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုအောက်တွင် အလူးအလဲ ခုခံနေရလျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ယင်းအကြမ်းဖက်အဖွဲ့မှာ အီရတ်ရှိ နယ်မြေအများအပြားကို သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags