အာဆင်နယ်ကစားသမားများက အာစင်ဝင်းဂါးကို အသင်းတွင်ဆက်ရှိနေစေလိုကြောင်း ဂီရော့ဒ်ဖွင့်ဟ

အာဆင်နယ်ကစားသမားများက အာစင်ဝင်းဂါးကို အသင်းတွင်ဆက်ရှိနေစေလိုကြောင်း ဂီရော့ဒ်ဖွင့်ဟ

မတ် ၂၁၊ အင်္ဂလန် ။             ။ အာဆင်နယ်ကစားသမားများမှာ နည်းပြအာစင်ဝင်းဂါးကို အသင်းတွင် ဆက်ရှိနေစေလိုကြကြောင်း တိုက်စစ်မှူးဂီရော့ဒ်က ဖွင့်ဟ ပြောဆိုလိုက်သည်။

အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းကို နည်းပြလာသည်မှာ ၂၁ နှစ်ရှိသွားပြီဖြစ်ပြီး သူ၏သက်တမ်းတစ်လျှောက်တွင် ပရီးမီးယားလိဂ်ဖလား သုံးကြိမ်၊ အက်ဖ်အေဖလား ခြောက်ကြိမ် ရယူပေးနိုင်ခဲ့သည်။ သို့သော် အာဆင်နယ်အသင်းမှာ ၂၀၀၄ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခြင်းမရှိတော့ပဲ ယခုနောက်ပိုင်းနှစ်များတွင် ရုန်းကန်ရလျက်ရှိနေသောကြောင့် အာဆင်နယ်ပရိသတ်များက ၀င်းဂါးကို အသင်းမှထွက်ခွာသွားရန် တောင်းဆိုလျက်ရှိနေကြသည်။

‘ကျွန်တော်တို့က အာစင်ဝင်းဂါးကို အသင်းမှာ ဆက်ရှိနေစေလိုကြပါတယ်။ သူနဲ့အတူ စွန့်စားခန်းတွေလည်း ဆက်လက်ပြုလုပ်သွားလိုပါတယ်။ ဒီရာသီမှာ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်လို့ မျှော်လင့်ပါတယ်’ ဟု ဂီရော့ဒ်က ပြောဆိုခဲ့သည်။

အာစင်ဝင်းဂါး၏စာချုပ်သက်တမ်းမှာ ယခုနှစ်ရာသီအကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်သည်။ ၀က်စ်ဘရွန်းကို ရှုံးနိမ့်ခဲ့ပြီးနောက်တွင် ၀င်းဂါးက သူ၏အနာဂတ်ကို ဆုံးဖြတ်ပြီးဖြစ်ကြောင်းနှင့်မကြာခင် အားလုံးကို အသိပေးသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ရည်ညွှန်း sportsmole

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly