အင်ဒိုနီးရှားနှင့်ခြေစမ်းပွဲတွင် လူငယ်ကစားသမား အများစုကို ပွဲထုတ်အသုံးပြုရန် ဂတ်ဇီဆီ စီစဉ်

အင်ဒိုနီးရှားနှင့်ခြေစမ်းပွဲတွင် လူငယ်ကစားသမား အများစုကို ပွဲထုတ်အသုံးပြုရန် ဂတ်ဇီဆီ စီစဉ်

မတ် ၂၁၊ ရန်ကုန်။           ။ ယနေ့ညနေတွင် ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်ဘောလုံး အသင်းတို့ခြေစမ်းပွဲတွင် လူငယ်ကစားသမားအများစုကို ပွဲထုတ်အသုံးပြုမည်ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြ ဂတ်ဇီဆီကပြောသည်။

မြန်မာအသင်းနှင့် ခြေစမ်းကစားမည့် အင်ဒိုနီးရှားအသင်းမှာ ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲဝင်မည့် ယူ-၂၂အသင်းကို အခြေခံဖွဲ့စည်းထားပြီး မြန်မာအသင်းမှာမူ အိန္ဒိယနှင့် ကစားရမည့် အာရှဖလားခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသောအသင်းဖြစ်သည်။ အင်ဒိုနီးရှားက ဆူဇူကီးဖလား ဗိုလ်လုပွဲရောက်ထားတဲ့အသင်းဖြစ်လို့ ပြိုင်ဘက်ကောင်းပါ။ သူတို့အသင်းမှာ ကစားသမားကောင်းတွေအများကြီးပါတယ်လို့လည်း သိထားပါတယ်။ အင်ဒိုနဲ့ပွဲမှာ အကောင်းဆုံးလူစာရင်းကိုအသုံးပြုမှာဖြစ်ပေမယ့် လူငယ်ကစားသမားတွေကို ဦးစားပေးသုံးမှာပါ။ ဟု ဂတ်ဇီဆီကပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်ဘောလုံးအသင်းတို့ နောက်ဆုံးငါးကြိမ်တွေ့ဆုံ ခဲ့ရာတွင် အင်ဒိုနီးရှားအသင်းက ၃ပွဲနိုင်၊ မြန်မာအသင်းက ၁ပွဲအနိုင်ရထားပြီး ၁ပွဲသရေကျထားသည်။ မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ခြေစမ်းပွဲကို မတ်လ ၂၁ရက်(ယနေ့) ညနေ ၆း၃၀တွင်(မြန်မာစံတော်ချိန် ညနေ ၃း၃၀ ) အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကစားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly