ဂါနာတွင် လေပြင်းမုန်တိုင်းတိုက်ခိုက်၍ မြစ်အတွင်း ရေကူးနေသည့်ကျောင်းသားများအပေါ် သစ်ပင်ပိကျရာမှ ၂၀ ဦး သေဆုံး

ဂါနာတွင် လေပြင်းမုန်တိုင်းတိုက်ခိုက်၍ မြစ်အတွင်း ရေကူးနေသည့်ကျောင်းသားများအပေါ် သစ်ပင်ပိကျရာမှ ၂၀ ဦး သေဆုံး

အက်ရာ၊ မတ် ၂၁ ။                      ။ ဂါနာနိုင်ငံတွင် လေပြင်းမုန်တိုင်းတိုက်ခတ်ချိန်၌ မြစ်ထဲတွင် ရေကူးနေကြသည့် ကျောင်းသားများအပေါ် သစ်ပင်ပြိုကျရာမှ ၂၀ ဦးသေဆုံးကြောင်း အရေးပေါ်တာဝန်ရှိသူများက ဆိုသည်။

မတ် ၁၉ ရက် နေ့လည်ပိုင်းက အဆိုပါ တိုက်တိုက်ဆိုင်ဆိုင်အဖြစ်ဆိုး ဖြစ်ပွားခြင်းဖြစ်ကာ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ရာ ကင်တမ်ပိုရေနံခွန်တွင် အထက်တန်းကျောင်းသားတစ်စု ရေကူးနေချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဘီလီအန်နာဂလက်က ပြောသည်။

လေပြင်းတိုက်လိုက်တာကြောင့် သစ်ပင်များ ပြိုလဲမှုဖြစ်ကာ ရေထဲရှိနေသည့် ဆယ်ကျော်သက်လူငယ်ကျောင်းသားများအပေါ် ပိကျခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လေပြင်းမုန်တိုင်းတိုက်ခိုက်ချိန်မှာ ကျောင်းသားတွေက မြစ်ထဲ ရေကူးနေကြတာပါ။ ဒီမှာ သစ်ပင်တစ်ချို့ ပြိုလဲရာက သူတို့အပေါ် ပိကျတာဖြစ်ပါတယ်။”ဟု ဘီလီက ပြောသည်။

နေရာ၌ပင် ကျောင်းသား ၁၈ ဦး သေဆုံးရကာ ကျန်နှစ်ဦးက ဆေးရုံတွင် သေဆုံးဖြစ်သည်။ ကျန် ၁၁ ဦးကိုလည်း ပြုစုကုသပေးလျက်ရှိနေသည်။ ကျောင်းလေ့လာရေးခရီးစဉ် ထွက်လာရာမှ ယခုအဖြစ်ဆိုး ကြံုတွေ့ရခြင်းဖြစ်ကာ ခရီးစဉ်ကို ကြီးကြပ်လိုက်ပါလာသည့် ကျောင်းအာဏာပိုင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရသူ စာရင်းတွင် ပါ၀င်သည်။

“သေဆုံးခဲ့ရတဲ့ ကျောင်းသားတွေရဲ့ မိသားစုတွေအတွက် ကျွန်တော်တို့ အလွန်ဝမ်းနည်းကြောင်း ပြောချင်ပါတယ်။ ဒါအပြင် ထိခိုက်ဒဏ်ရာရသူတွေအတွက်လည်း ဆုတောင်းပေးနေပါတယ်။”ဟု ခရီးသွားလုပ်ငန်းဝန်ကြီး ကက်သရင်းအဘီလီမာက ထုတ်ပြန်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly