၄၆ နှစ်အတွင်း လာလီဂါမှာ အနီကတ်နှင့် ပယ်နယ်တီပေးခံရမှု ကင်းစင်တဲ့ ပထမဆုံးအသင်း ဘာစီလိုနာဖြစ်

၄၆ နှစ်အတွင်း လာလီဂါမှာ အနီကတ်နှင့် ပယ်နယ်တီပေးခံရမှု ကင်းစင်တဲ့ ပထမဆုံးအသင်း ဘာစီလိုနာဖြစ်
(ဓာတ်ပုံ - အီးပီအေ)

ဒီရာသီ လာလီဂါစတင်ပြီးလို့ ပွဲစဉ် ၂၈ ပြီးဆုံးချိန်အထိ ဘာစီလိုနာအသင်းရဲ့ ကစားသမားတွေဟာ ပြိုင်ဘက်အသင်းတွေနဲ့ ယှဉ်ဆိုင်ရာမှာ အနီကတ်ပြသထုတ်ပယ်ခံရတာ မရှိသလို၊ ပယ်နယ်တီပြစ်ဒဏ်လည်း မပေးရတာကြောင့် (၄၆)နှစ်အတွင်း လာလီဂါမှာ အနီကတ်နှင့် ပယ်နယ်တီပေးခံရမှု ကင်းစင်တဲ့ ပထမဆုံးအသင်းလည်းဖြစ်လာပါတယ်။

ဒါပေမယ့်လည်း အခြားတစ်ဖက်မှာတော့ ဘာစီလိုနာအသင်းနှင့် တွေ့ဆုံကစားခဲ့တဲ့ ပြိုင်ဘက်အသင်းများရဲ့ ကစားသမားများ အနီကတ်နဲ့ ထုတ်ပယ်ခံရမှုက ၆ ဦးအထိရှိပြီး ဘာစီလိုနာက ပယ်နယ်တီ ၅ ကြိမ် ရရှိခဲ့ပါတယ်။

ဘာစီလိုနာရဲ့ နောက်ဆုံး အနီကတ်ထိခဲ့တာက ၂၀၁၅ အောက်တိုဘာ ၂၅ က အီဘာအသင်းနဲ့ ပွဲမှာ မာရှေရာနို ထုတ်ပယ်ခံရတာဖြစ်ပါတယ်။ နောက်ဆုံးပင်နယ်တီပေးခဲ့တဲ့ပွဲဟာ ၂၀၁၆ ဖေဖော်ဝါရီ ၁၄ က ဆယ်လ်တာဗီဂိုအသင်းကို ပေးခဲ့ရတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄၆ နှစ်၊ ၁၉၇၀-၇၁ ရာသီမှာ ပွဲစဉ် ၂၈ အထိ အနီကတ်နှင့် ပယ်နယ်တီပေးခံရမှု လုံးဝမရှိခဲ့ဘဲ အချိန်ကြာမြင့်စွာ ရပ်တည်ခဲ့တဲ့ အသင်းနှစ်သင်းမှာ ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိ လာလီဂါအမှတ်ပေးဇယားမှာ ဒုတိယနေရာမှာ ရပ်တည်နေပြီး တစ်ပွဲကစားဖို့ကျန်တဲ့ ထိပ်ဆုံးက ရီးယဲလ်နဲ့ ၂ မှတ်အကွာမှာ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags