သင်္ကြန်မတိုင်ခင် ရန်ကုန်-မန္တလေး ရထားများ တိုးချဲ့ပြေးဆွဲမည်

သင်္ကြန်မတိုင်ခင် ရန်ကုန်-မန္တလေး ရထားများ တိုးချဲ့ပြေးဆွဲမည်

မတ် ၂၀ ။            ။ သင်္ကြန်မတိုင်မီ ခရီးသည်များ တစ်နေရာမှ တစ်နေရာ သွားလာရ အဆင်ပြေစေရန် ရန်ကုန်-မန္တလေးပြေးဆွဲနေသည့် ရထားများကို တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား သွားလာပို့ဆောင်ရေးဌာနမှ ရန်ကုန်တိုင်းမန်နေဂျာ ဦးဇော်လွင်က ပြောသည်။

သင်္ကြန်နားနီးသည့်ကာလတွင်  သွားလာကြသော ခရီးသည်ဦးရေ များပြားသည့်အတွက် ပုံမှန်ပြေးဆွဲနေသော ရထားများအပြင် အထူးရထားများ တိုးချဲ့ပြီး ပြေးဆွဲသွားမည်ဖြစ်သည်။

“ပုံမှန်ပြေးဆွဲနေတဲ့ ရထားတွေအပြင် နောက်ထပ်အထူးရထားတွေကို တိုးချဲ့ပြေးဆွဲသွားမှာပါ သင်္ကြန်ရောက်ရင်တော့ ရထားတွေကို လျော့ချပြီးပြေးဆွဲသွားမှာပါ”  ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်-မန္တလေး ခရီးသည်တင် ရထားစီးရေ ၈ စီး ပြေးဆွဲနေကြောင်းသိရကာ အဆိုပါအရေအတွက်ထက် တိုးချဲ့ပြေးဆွဲမည် ဖြစ်သည်။

သင်္ကြန်တွင်းကာလတွင် ရန်ကုန်-မန္တလေးရထား လမ်းကြောင်းများနှင့် နေပြည်တော်၊ ပုဂံ စသည့် လမ်းကြောင်းများတွင်လည်း ရထား၂စီး စီ လျော့ချပြေးဆွဲသွားမည်ဖြစ်သော်လည်း သင်္ကြန်အထူး ရထားများ ပြေးဆွဲသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly