ကောလင်း၊ မတ်လ ၂၀ ။ ။ ကောလင်းမြို့နယ် ကျောက်တန်းကျးရွာအုပ်စု ပေကုန်းကျေးရွာသမဝါယမအသင်းမှ ဓားမဦးချလုပ်ကိုင်ခဲ့သော မြေနှင့် ပတ်သက်ပြီး လယ်မြေအား ယုံကြည်စွာ နှုတ်ကတိဖြင့် အပ်နှံထားခြင်းအပေါ် အလွဲသုံးစားပြုလုပ်မှုအပေါ် တိုင်ကြားရာ ၆လတာကြာမြင့်ခဲ့သော်လည်း ဖြေရှင်းခြင်းမရှိသေးကြောင်း ဦးလှထွန်းမှ မဇ္ဈိမသို့ ပြောသည်။
၎င်းမိဘများ ဓားမဦးချပိုင်ဆိုင်သော လယ်ယာမြေအား လက်ရှိ သီးစားချလုပ်ကိုင်နေသူများက ပုံစံ ရ လျှောက်ထားခဲ့ခြင်းကြောင့် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ထံသို့ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၁ရက်၌ တ်ိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားလွတ်တော်မ ှပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီမှ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် လယ်မြေအမှုတွဲ လွှဲပြောင်းပေးပို့ခြင်းကိစ္စ လိုသလိုဆောင်ရွက်ပေးပါရန် အကြောင်းကြားလာပါသည် ဟု ဦးလှထွန်းက ဆိုသည်။ သို့သော်လည်း ယနေ့အထိ ဖြေရှင်းပေးနိုင်ခြင်းမရှိသေးကြောင်း ဆိုသည်။
ဖြစ်စဉ်မှာ လယ်ယာမြေ ၁၁.၇၉ ဧက အား အဖ ဦးဖိုးရှား( ကွယ်လွန်) ၊ အမိဒေါ်ဝင်းတင် (ကွယ်လွန်)တို့မှ ပိုင်ဆိုင်ခဲ့ပြီး မိဘ ၂ ပါးမှာ သားဖြစ်သူ မောင်လှထွန်း ငယ်ရွယ်စဉ်မှာ ကွယ်လွန်ခဲ့ကာ တစ်ဦးတည်းသောသားဖြစ်သူမောင်လှထွန်း (၅/ကလတ(နိုင်)၀၃၀၄၉၇) မှာ အသက် ၈ နှစ်သားဖြစ်နေခြင်းကြောင့် ပေကုန်းကျေးရွာလယ်ယာမြေကော်မတီထံသို့ နှုတ်ကတိဖြင့် လွှဲအပ်ခဲ့သည်။
အပ်နှံစဉ် မြေယာကော်မတီ ၅ ဦးရှိပြီး ဦးတင်အောင်ကြီး၊ ဦးမိူင်း၊ ဦးပေါက်စ၊ ဦးကျော်သောင်း ၊ ဦးဘမော်တို့ ဖြစ်ကြပြီး ပေကုန်းမြေယာကော်မတီသ်ို့ နှုတ်ကတိဖြင့် လွှဲအပ်ခဲ့ခြင်း ဖြစ်သည် ။
ထို့ကြောင့် ပေကုန်းမြေယာကော်မတီမှ ပေကုန်းကျေးရွာရှိ ၆ ဦးတို့အား သီးစားချလုပ်ကိုင်စေခဲ့ပြီး ၁၉၈၉ခုနှစ် မောင်လှထွန်း ၁၆ နှစ် ပြည့်မြောက်ချိန်တွင် အမိအဖအပ်ထားသောလယ်မြေအား မြေယာကော်မတီမှှပြန်လည်လွှဲအပ်သော်ခဲ့သော်လည်း လယ်သီးစားချသူများက ဆက်လက် လုပ်ကိုင်နေခြင်း တို့ကြောင့် လယ်ဝယ်မရောက်ရှိဘဲ လယ်လုပ်ပိုင်မရရှိခဲ့ဟု သိရသည်။ ၁၉၉၂ မြေယာကော်မတီမှစစ်ဆေးအတည်ပြုချက်ဖြင့် ဒုတိယအကြိမ်မှသာ လုပ်ကိုင်ခွင်ရရှိခဲ့သည်။
၂၀၁၃ ခုနှစ်တွင် သီးစားချ လုပ်ကိုင်နေသူများက ကောလင်းမြို့နယ်သမဝါယမနှင့် ပူးပေါင်း၍ သမဝါယမလယ်မြေအဖြစ် ပြောင်းလဲသတ်မှတ်ပြီး ပုံစ ံရ လျှောက်ထားခဲ့ ကာ မူလပိုင်ရှင် ဦးလှထွန်းမှ ကန့်ကွက်ခဲ့သော်လည်း မအောငြ်မင်ခဲ့ဟု သိရသည်။
ထို့ကြောင့်တိုင်ကြားခဲ့သော်လည်း ယခု ၆ လတာကြာသည်အထိ ဖြေရှင်းနိုင်ခြင်းမရှိသေးဟု ဦးလှထွန်းက ပြောခဲ့သည်။