အိမ်မဲမြို့နယ် တိုင်းကိုယ်စာလှယ်နာမည်ကို ခြေဖဝါးတွင်ရေးကာ ယတြာချေမိ၍ ပြန်တောင်းပန်ရ

အိမ်မဲမြို့နယ် တိုင်းကိုယ်စာလှယ်နာမည်ကို ခြေဖဝါးတွင်ရေးကာ ယတြာချေမိ၍ ပြန်တောင်းပန်ရ

မတ် ၂၀ ။                 ။ ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်နာမည်ကို ဘယ်ဘက်ခြေဖဝါးတွင် "ရီရီထွန်း"ဟုရေးပြီး ညာခြေဖဝါးတွင် "သတ်"ဟု ရေးကာ ယတြာချေသည့်အတွက် အိမ်မဲမြို့နယ်၊ကညင်ကွင်းကျေးရွာ စာရေးဒေါ်နီနီလွင်က မတ်လ၂၀ရက်က ပြန်လည် တောင်းပန်ခဲ့ရသည်။

"ဂန္ဘီရစာအုပ်မှာ တွေ့တာကို ယတြာချေထားတာပေါ့။ မြစိမ်းရောင်ကျလို့ ကော်မတီသွားဖွဲ့ပေးတုန်းက သူမလာနိုင်ဘူး ထွေအုပ်က ဆူတာခံရလို့၊ အခုအခါ ကျွန်မ နယ်ဆင်းတော့ သူအဆူခံရမှာဆိုးလို့ ယတြာချေတာပါလို့ပြောတယ်”ဟု အိမ်မဲမြို့နယ် ကိုယ်စားလှယ်ဒေါ်ရီရီထွန်းက ပြောသည်။

ကိုယ်စားလှယ်နာမည်ကို ခြေဖဝါးမှာရေးပြီး သတ်ဟုရေးသူ အထွေထွေအုပ်ချုပ်ရေးဌာနမှ စာရေးဒေါ်နီနီလွင်က ယတြာချေသည့်သဘောသာဖြစ်ပြီး အခြားဘာရည်ရွယ်ချက်မျှမရှိသည့်အတွက် ၎င်းအား ခွင့်လွှတ်ပေးရန် မတ်လ ၂၀ရက်က အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်သည့် တောင်းပန်ပွဲ၌ ပြောသည်။

"မြစိမ်းရောင်တုန်းက ရွာကိုမဆင်းဖြစ်ဘူး။ လစာထုတ်နဲ့ ရောက်နေတယ်။ ဒေါ်ရီရီထွန်းနဲ့ မတွေ့လိုက်ရဘူး။ ဒီတစ်ခါ အဆင်မပြေရင်လို့ရှိရင် ဒုက္ခပဲဆိုပြီး အဲဒီရည်ရွယ်ချက်နဲ့ပါ ကျန်တာမရှိပါဘူး၊ ကျွန်မကို ဘယ်သူမှ မစေခိုင်းပါဘူး” ဟု အိမ်မဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာရေးဒေါ်နီနီလွင်က ခြေဖဝါးတွင် ရှင်းပြသည်။

ယတြာချေသည်ဟု အကြောင်းပြသည့် အထွေထွေအုပ်ချုပ်ရေးဌာနမှ စာရေးဒေါ်နီနီလွင်ကို ကညင်ကွင်းကျေးရွာမှ တခြားကျေးရွာသို့ပြောင်းရွှေ့ပေးထားပြီးဖြစ်ကြောင်း အိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ သိရှိရသည်။

ခြေဖဝါးတွင် ထိုသို့ရေးသားမှုကို မျက်မြင်တွေ့ခဲ့သည့် ပြည်သူအချို့က အရေးယူဆောင်ရွက်ပေးရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်အား တိုင်ကြားစာပို့ထားပြီးဖြစ်ကြောင်း နှင့် အိမ်မဲမြို့ လွှတ်တော်ကိုယ်စားလှယ်ကမူ ခွင့်လွှတ်ကြောင်း ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေးတွင် ဝါးခယ်မြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဌေးအောင်က ဧရာဝတီတိုင်းဒေသကြီး၏ မြို့နယ်များမှ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် သက်ဆိုင်ရာဝန်ထမ်ူများ၏ မမှန်မကန်လုပ်ရပ်များကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထိန်းကျောင်းတည့်မတ်ပေးပါရန် တိုက်တွန်းကြောင်း အဆိုအား လွှတ်တော်တွင် တင်သွင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly