ဒိန်းမတ်ကို ကျော်ပြီး နော်ဝေနိုင်ငံသားတွေက ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးသူတွေဖြစ်လာ

ဒိန်းမတ်ကို ကျော်ပြီး နော်ဝေနိုင်ငံသားတွေက ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးသူတွေဖြစ်လာ

မတ် ၂၀ ။             ။ နော်ဝေနိုင်ငံသားတွေက ယခုအခါမှာ  ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံး နိုင်ငံသားတွေ ဖြစ်လာခဲ့တယ်လို့ မတ်လ ၂၀ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂက ၂၀၁၂ ခုနှစ်တုန်းက စတင်ထူထောင်ထားတဲ့ ကမ္ဘာ့ ဖွံ့ဖြိုးရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ SDSN က ပြုစု ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ပျော်ရွှင်မှုဆိုင်ရာ အစီရင်ခံစာမှာတော့ ယခုနှစ်မှာ စကင်ဒနေဗီးယားနိုင်ငံတွေ အများစု ပါ၀င်ခဲ့တယ်လို့ သိရပါတယ်။

" ပျော်ရွှင်မှု အရှိဆုံး နိုင်ငံတွေဆိုတာက ဘယ်လိုနိုင်ငံတွေလဲ ဆိုတော့  သင့်တင့်မျှတတဲ့ ချမ်းသာကြွယ်ဝမှုတွေရှိတာ၊ လူမှုအဖွဲ့အစည်းတစ်ခုအပေါ်မှာ ယုံကြည်မှုနှုန်းအားကောင်းတာ၊ အစိုးရတွေအပေါ်မှာ ယုံကြည်ကိုးစားမှု ကောင်းတာ စတာတွေ ရှိနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်" လို့ SDSN ရဲ့ ဒါရိုုက်တာ ဂျက်ဖရေး ဆက်ချ်စ် က ပြောပါတယ်။

ယခုလို အစီရင်ခံစာထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတကာက အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို သူတို့တွေရဲ့ နိုင်ငံတွေအတွက် ပိုမိုကောင်းမွန်တဲ့ ကောင်းကျိုးချမ်းသာတွေ ရှာဖွေနိုင်မယ့် နည်းလမ်းတွေ ကူညီရှာဖွေပေးနိုင်ဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ပေါ်မှာ ပျော်ရွှင်မှုအရှိဆုံးသော နိုင်ငံတွေစာရင်းမှာတော့ နော်ဝေ၊ ဒိန်းမတ်၊ အိုက်စလန်၊ ဆွစ်ဇာလန်၊ ဖင်လန်၊ နယ်သာလန်၊ ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလျနဲ့ ဆွီဒင်တို့က ထိပ်ဆုံးနေရာတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။

တစ်ဘက်မှာတော့ ဆီးရီးယားနဲ့ ယီမင်လိုမျိုး နိုင်ငံတွေကတော့ ယခုစာရင်းမှာ ပျော်ရွှင်မှုအနည်းဆုံးသော နိုင်ငံတွေအဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags