သြစတြေးလျတွင် လူပေါင်း ၈၀၀ ကျော် မံမီများအသွင် ၀တ်ဆင်သရုပ်ဖော်ကာ ကမ္ဘာ့စံချိန်တင်ရန် ကြိုးပမ်း

သြစတြေးလျတွင် လူပေါင်း ၈၀၀ ကျော် မံမီများအသွင် ၀တ်ဆင်သရုပ်ဖော်ကာ ကမ္ဘာ့စံချိန်တင်ရန် ကြိုးပမ်း

မတ် ၂၀ ။            ။ သြစတြေးလျနိုင်ငံတွင် လူပေါင်း ရာနှင့်ချီ စုဝေးကာ မံမီ များအသွင် ပတ်ပေါင်းဝတ်ဆင်ကာ ဂင်းနစ်စံချိန် ချိုးရန် ကြိုးပမ်းခဲ့ကြသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခု သရုပ်ဖော်မှုတွင် ကလေးလူကြီး လူပေါင်း ၈၀၀ ကျော် ပါ၀င်ခဲ့ကြသည်ဟု သိရသည်။

အီဂျစ်တို့၏ ရှေ့ဟောင်းအလေ့အထအတိုင်း ယခုကဲ့သို့ လိုက်လံလုပ်ဆောင်ကာ ကမ္ဘာ့စံချိန်တင်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။

ပါ၀င်ဆင်နွှဲသူတို့သည် ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို စက္ကူလိပ်များသုံးကာ ပတ်ခဲ့ကြသည်ကို တွေ့ခဲ့ရသည်။

အလားတူ ယခုပွဲအခမ်းအနားတွင် ပါ၀င်ဆင်နွှဲခဲ့ကြသူများက မိုက်ကယ်ဂျက်ဆင်၏ "Thriller" သီးချင်းဖြင့် ကခုန်ခဲ့ကြကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly