အမေရိကန်ရေတပ် အမြန်ပို့ဆောင်ရေးသင်္ဘော ရန်ကုန်လာမည်

အမေရိကန်ရေတပ် အမြန်ပို့ဆောင်ရေးသင်္ဘော ရန်ကုန်လာမည်
(Photo-wiki)

အမေရိကန်ရေတပ် အမြန်ပို့ဆောင်ရေးသင်္ဘော ယူအက်စ်အန်အက်စ် ဖောလ်ရေးဗား (တီ-အီးပီအက်ဖ်-၄) သည် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံသားများအကြား ချစ်ကြည်ရင်းနှီးမှု
တိုးမြှင့်ရန်နှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ရန် ရည်ရွယ်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ မတ် ၂၁ မှ ၂၅ အထိချစ်ကြည်ရေးခရီး လာမည်ဟု ရန်ကုန်မြို့ရှိ ရောက်မည် ဖြစ်ပါသည်။

အဆိုပါသင်္ဘောကြီးသည် အင်ဒို-အာရှ-ပစိဖိတ်ဒေသတစ်လျှောက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ/ဘေးအန္တရာယ်တုံ့ပြန်ရေး) ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုတစ်ခုဖြစ်သော ပစိဖိတ်မိတ်ဖက် နှစ်စဉ်အထူးတာဝန်အတွက် သီရိလင်္ကာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား ခရီးတစ်ထောက်နားခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း မြန်မာ့တပ်မတော်(ရေ) နှင့် ထိတွေ့ဆက်ဆံသွားမည်ဖြစ်ပြီး ရန်ကုန်မြို့အတွင်း ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေးခရီးစဉ်များလည်း ဆောင်ရွက်မည်ဟု သိရသည်။

“မြန်မာ့တပ်မတော် (ရေ) နဲ့ ထိတွေ့ဆက်ဆံရဖို့၊ မြန်မာနိုင်ငံရဲ့ ကြွယ်ဝလှတဲ့ယဉ်ကျေးမှုတွေအကြောင်း ပိုပြီးလေ့လာရဖို့ အတွက် ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု ပစိဖိတ်မိတ်ဖက် အထူးတာဝန်အဖွဲ့၏တပ်မှူး၊ ဗိုလ်မှူးကြီး စတန်ရှန်က အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

သင်္ဘောပေါ်တွင်ပါသော အမှတ် (၇)ရေတပ် တီးဝိုင်းအဖွဲ့က အမေရိကန်သံရုံး၊ အမေရိကန်စင်တာ၌ ဖျော်ဖြေပွဲကျင်းပမည်ဖြစ်ကာ ပြည်တွင်းမှ ဂီတပညာရှင်များနှင့်လည်း   တွေ့ဆုံနှီးနှောဖလှယ်မှုများ   ပြုလုပ်မည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly