လာမည့်ဘဏ္ဍာနှစ်အတွက် သုံးစွဲမည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ဘတ်ဂျက်ကို လွှတ်တော်သို့ တင်သွင်း

လာမည့်ဘဏ္ဍာနှစ်အတွက် သုံးစွဲမည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ဘတ်ဂျက်ကို လွှတ်တော်သို့ တင်သွင်း

ရန်ကုန် ၊ မတ် ၂၀ ။             ။ လာမည့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွက် သုံးစွဲမည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ဆွေးနွေးရန် တင်သွင်းခဲ့သည်။

ယနေ့ မတ်လ ၂၀ ရက် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

"တိုင်းဒေသကြီးအတွင်းမှာ ဒီ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းမှာ ၂၇၈.၄၅၇ ဘီလျံ သုံးစွဲဖို့လည်း လျာထားပါတယ်။ အဲ့ဒီအချက်ကို ဒေသန္တရစီမံကိန်း ဥပဒေကြမ်းရဲ့   နောက်ဆက်တွဲမှာ   ဖော်ပြထားပြီးဖြစ်ပါတယ်" ဟု ဦးမြင့်သောင်းက လွှတ်တော်တွင်း အဆိုပါ ဥပဒေကြမ်း တင်သွင်းစဉ် ပြောဆိုခဲ့သည်။

လက်ရှိဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၏ GDP တိုးတက်နှုန်းသည် ရ.၇ ရာခိုင်နှုန်း ရှိနေပေမယ့် လာမယ့်ဘဏ္ဍာနှစ်အတွက် ပုံမှန်စျေးနှုန်းများဖြင့် တွက်ချက်ထားခြင်းအရ GDP ၈.၅ ရာခိုင်နှုန်း တိုးတက်ဖို့ ရည်မှန်းထားကြောင်း ဦးမြင့်သောင်းက ပြောဆိုခဲ့သည်။

"ပြည်သူကို ဗဟိုပြုပြီးတော့ တိုင်းဒေသကြီးအတွင်းထဲမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စဉ်ဆက်မပြတ် ဖြစ်ပေါ်စေပြီးတော့ အုပ်ချုပ်မှုကောင်းမွန်စေရန်နှင့် အခြေခံအဆောက်အဦများ ပြည့်စုံပြီးတော့ တည်ငြိမ်အေးချမ်းတဲ့ တိုင်းဒေသကြီး ဖြစ်စေဖို့ တွန်းအားပေးဆောင်ရွက်ထားမှာဖြစ်ပါတယ်" ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly