ချန်ပီယံလိဂ်ဝင်ခွင့်မရလျှင်လည်း အာဆင်နယ်တွင်သာ အာစင်ဝင်ဂါးဆက်နေရန်ပြင်ဆင်

ချန်ပီယံလိဂ်ဝင်ခွင့်မရလျှင်လည်း အာဆင်နယ်တွင်သာ အာစင်ဝင်ဂါးဆက်နေရန်ပြင်ဆင်

မတ် ၂၀၊ လန်ဒန်။          ။ အာစင်ဝင်းဂါးအနေဖြင့် ၎င်း၏ လက်ထက်ပထမဆုံးအကြိမ်အဖြစ် အာဆင်နယ်အသင်းချန်ပီယံလိဂ်ဝင်ခွင့်မရလျှင်ပင် အသင်းတွင်သာဆက်နေရန် ပြင်ဆင်နေသည်ဟု မယ်ရာသတင်းတွင်ဖော်ပြထားသည်။

အနာဂါတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု အာစင်ဝင်းဂါးက လူသိရှင်ကြားပြောဆိုထားပြီး အတွင်းလူများက နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးကြောင်းနှင့် ကြေညာချက် တစ်စုံတရာထုတ်ပြန်ရန် မရှိသေးကြောင်းအခိုင်အမာဆိုနေကြ သည့်တိုင် နည်းပြဝင်းဂါးအနေဖြင့် အာဆင်နယ်ဘုတ်အဖွဲ့နှင့် ဆွေးနွေးလိမ့်မည်ဟု သတင်းများထွက်လာသည်။

မည်သည့်ဆုံးဖြတ်ချက်ဖြစ်စေ အပြန်အလှန်ဆုံးဖြတ်ချက်အရ လုပ်ဆောင်မည်ဖြစ်ပြီး ဝင်းဂါးတစ်ဦးတည်းအပေါ်တွင်မူတည်ခြင်း မရှိဟု အသင်းကထုတ်ပြန်ထားသည်။

ကြယ်ပွင့်ကစားသမားများဖြစ်သော ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့၏ အနာဂါတ်မှာလည်း ယင်းရလဒ်အပေါ်ကြီးမားသည့် သက်ရောက်မှုဖြစ်ဖွယ်ရှိနေသည်။

အိုဇေးလ်နှင့် ဆန်းချက်ဇ်၏ အနာဂါတ်မှာ အာစင်ဝင်းဂါးအတွက် စိုးရိမ်စရာဖြစ်နေပြီး နှစ်ဦးစလုံး၏ စာချုပ်သက်တမ်းမှာ နွေရာသီတွင် ၁၅ လ သာကျန်ရှိမည်ဖြစ်သည်။

နှစ်ဦးစလုံး၏ အေးဂျင့်များသည် ပူးပေါင်းဆောင်ရွက်နေကြပြီး တစ်ပတ်လုပ်ခပေါင် သုံးသိန်းထက်ပို၍ တောင်းဆိုနေကြသည်ဟု ယူဆရသည်။ သို့သော်အသင်းတွင် ယင်းသို့သုံးစွဲရန်လျာထားချက်မရှိ၍ ယင်းကစားသမားများကို ဆုံးရှုံးရဖွယ်ရှိသည်။

အသက် ၆၇ နှစ်အရွယ်နည်းပြအာစင်ဝင်းဂါးအနေဖြင့် ကစားသမားများ၏ထောက်ခံမှုကိုထိန်းထားနိုင်သော်လည်း ရလဒ်များ ကျဆင်းနေမှုက စိုးရိမ်စရာဖြစ်နေသည်။

အာဆင်နယ်ကိုအနိုင်ရခဲ့သည့် ဝက်စ်ဘရွန်းအသင်း၏ နည်းပြတိုနီပူးလစ်ကမူ အာဆင်နယ်အသင်းတွင် ဆက်နေမည်ဟု အာစင်ဝင်းဂါးက ၎င်းကိုပြောသည်ဟု ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly