လီဗာပူးလ်နှင့် သရေကျခြင်းမှာ မိမိ၏ အကောင်းဆုံးနေ့များထဲမှ တစ်နေ့ဟု ဂွာဒီယိုလာပြော

လီဗာပူးလ်နှင့် သရေကျခြင်းမှာ မိမိ၏ အကောင်းဆုံးနေ့များထဲမှ တစ်နေ့ဟု ဂွာဒီယိုလာပြော

မတ် ၂၀၊ မန်ချက်စတာ။              ။ လီဗာပူးလ်နှင့် တစ်ဂိုးစီသရေကျသည့်ပွဲမှ မန်စီးတီးအသင်း၏ခြေစွမ်းမှာ မိမိ၏ နေ့ထူးများထဲမှ တစ်နေ့အဖြစ် ပေးစွမ်းနိုင်ခဲ့သည်ဟု နည်းပြ ပက်ဂွာဒီယိုလာက ပြောသည်။

ဂွာဒီယိုလာသည် နည်းပြဘဝတွင် ချန်ပီယံလိဂ်နှစ်ကြိမ်၊ ပြည်တွင်း အမှတ်ပေးဖလားခြောက်ကြိမ်နှင့် လိဂ်ဖလားလေးကြိမ် ရရှိ ထားသည်။

သို့သော် ကြားရက်တွင် မိုနာကိုနှင့် ကစားပြီးချန်ပီယံလိဂ်မှ ဝမ်းနည်းဖွယ်ထွက်ခွာခဲ့ရခြင်းမှ ဖိအားများစွာရရှိခဲ့သည်ဟု ဂွာဒီယိုလာက ပြောသည်။

“ကျွန်တော်သိပ်ဂုဏ်ယူပါတယ်။ ဒါက ကျွန်တော့်ဘဝမှာ နေ့ထူးတွေထဲက တစ်နေ့ပါ။ ချန်ယံလိဂ်က ထွက်ခဲ့ရပြီးနောက် ခက်ခဲတဲ့ နှစ်ရက်မှာ နေထိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဝမ်းနည်းခဲ့ရတယ်။

လီဗာပူးလ်က ပြင်ဆင်ချိန်တစ်ပတ်လုံးရထားပြီး နောက်ဆုံးအချိန်ထိကို တိုက်ပွဲဝင်တတ်တဲ့ အသင်းမျိုးပါ။ ဒါကြောင့်ပဲ ကျွန်တော် သိပ်ပျော်ရတာပေါ့။

အသင်းဘက်က ကျွန်တော်နဲ့ဆက်ပြီး လက်တွဲချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် လာမယ့်နှစ်တွေမှာ အသင်းကိုနောက်အဆင့်တစ်ဆင့် ရောက်အောင်ပို့ဆောင်ဖို့ ကျွန်တော်ပိုပြီး ဆန္ဒပြင်းပြပါတယ်”ဟု ဂွာဒီယိုလာက ပြောသည်။

ယင်းသို့ပြောဆိုခြင်းမှာ နှစ်နှစ်သက်တမ်းကျန်နေသေးသည့် စာချုပ်ကို သက်တမ်းတိုးရန်ပြင်ဆင်နေသည့် အဓိပ္ပါယ်သက်ရောက် သလားဆိုသည်ကိုမူ အသက် ၄၆ နှစ်အရွယ် နည်းပြက ဖြေဆိုရန်ငြင်းဆန်သွားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly