ရော့ခ်အင်ရိုးဂီတရဲ့ သမိုင်းမှာ အကြီးကျယ် အခမ်းအနားဆုံးသူတွေထဲက တစ်ဦးဖြစ်သူ Chuck Berry အသက် ၉၀ တွင် ကွယ်လွန်

ရော့ခ်အင်ရိုးဂီတရဲ့ သမိုင်းမှာ အကြီးကျယ် အခမ်းအနားဆုံးသူတွေထဲက တစ်ဦးဖြစ်သူ Chuck Berry အသက် ၉၀ တွင် ကွယ်လွန်
(ဓာတ်ပုံ - အီးပီအေ)

၁၉၅၅ ခုနှစ်က "Maybellene" တေးသီချင်းထွက်ရှိခဲ့တဲ့ အချိန်ကစလို့ ရော့ခ်အင်ရိုးဂီတရဲ့ တည်ထောင်သူတွေထဲက တစ်ဦး၊ အကြီးကျယ် အခမ်းအနားဆုံးပြရုပ်တွေထဲက တစ်ဦးဖြစ်သူ Chuck Berry ဟာ သူ့ရဲ့နေအိမ်မှာ စနေနေ့က ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ကွယ်လွန်ချိန်မှာတော့ သူဟာ အသက် ၉၀ အရွယ်ရှိပြီဖြစ်ပါတယ်။

Charles Edward Anderson Berry Sr. ကို "ဂန္ထဝင်ဂီတပညာရှင်လို့ လူသိများတဲ့ Chuck Berry"ဟာ သေဆုံးသွားကြောင်း  မစ်ဆူရီရှိ ရဲတပ်ဖွဲ့ရဲ့ ဖေ့်ဘုတ်စာမျက်နှာမှာ အတည်ပြု ရေးသားခဲ့ပါတယ်။

လူမည်းဂစ်တာသမားနှင့် တေးရေးဆရာဖြစ်သူ Chuck Berry ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်က အသက် ၉၀ ပြည့်ခဲ့တာဖြစ်ပါတယ်။

Chuck Berry ဟာ The Beatles ရဲ့ အစောပိုင်း ဂီတ၊ The Rolling Stones နှင့် The Beach Boys တို့ကို လွှမ်းမိုးခဲ့ပါတယ်။ သူဟာ ဂန္ထဝင်သီချင်းတွေဖြစ်တဲ့ "Johnny B. Goode," "Sweet Little Sixteen," "School Days," "Rock and Roll Music," နှင့် "Back in the USA" တို့ရဲ့ တေးရေးဆရာလည်းဖြစ်ပါတယ်။

Chuck Berry ဟာ ၁၉၈၆ ခုနှစ်မှာ Rock and Roll Hall of Fame အတွင်း ဝင်ရောက်ခဲ့တဲ့ ပထမဆုံးထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ ဂီတသက်တမ်းတစ်လျှောက် အသိအမှတ်ပြုခြင်းတွေထဲက အခြားဆုပေါင်းများစွာအပြင် ၁၉၈၄ ခုနှစ်မှာ ဂရမ်မီဆုနှင့် ၂၀၀၀ ခုနှစ်မှာ Kennedy Center ဆုတို့ကို လက်ခံရရှိခဲ့ပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly