ပီရူးနိုင်ငံ၌ ရေကြီးမှုများကြောင့် သေဆုံးသူဦးရေ မြင့်တက်လာ

ပီရူးနိုင်ငံ၌ ရေကြီးမှုများကြောင့် သေဆုံးသူဦးရေ မြင့်တက်လာ

မတ် ၁၉ ။             ။ ပီရူးနိုင်ငံတွင် ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် မြို့တော်လီမာ၌ ထိခိုက်မှုများရှိခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ကာ နိုင်ငံတွင်းရှိအချို့နေရာမှ   ပြည်သူများသည် မြစ်ရေလျှံတက်လာမှုကြောင့် ထွက်ပြေးခဲ့ရ သလို သန်းပေါင်းများစွာသော ပြည်သူများသည် သောက်သုံးရေ မရရှိတော့မည်ကို စိုးရိမ်ပူပန်နေကြသည်။

နိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှုများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် သေဆုံးသူဦးရေ ရ၂ဦးထိ ရှိလာခဲ့ ပြီဖြစ်ကြောင်း အစိုးရမှ ပြီးခဲ့သော စနေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပီရူးနိုင်ငံ၏ ပထဝီမြေပြင်အနေအထားအရ ကြောက်မယ်ဖွယ်ကောင်းသော ရွှံ့မြေပြိုကျမှုများကို ပိုမိုပြင်းထန်စေ သည်။ အလွန်မတ်စောက်သော တောင်တန်းများသည် ကျောက်ဆောင်ကျောက်ခဲများနှင့် သဲထူထပ်မှုများပြား နေကာ အပေါ်ယံမြေဆီလွှာများ မရှိသောကြောင့် ရွှ့ံ့မြေပြိုကျမှုများကို ကာကွယ်ပေးနိုင်သော သစ်ပင်များ ပေါက်ရောက်မှု မရှိနိုင်ဘဲဖြစ်နေသည်။

ရက်သတ္တပေါင်းများစွာကြာ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လီမာမြို့မှ ဆင်ခြေဖုံးတွင် နေထိုင်သူများ သည် ပြီးခဲ့သော သောကြာနေ့၌ ၄င်းတို့၏ နေအိမ်ရှိ အိပ်ခန်းများအတွင်းသို့ ရေများစီးဆင်းလာသည်ကို ကြံုတွေ့ခဲ့ကြရသည်။

ရေကြီးရေလျှံမှုများသည် ပစိဖိတ်သမုဒ္ဒရာ မျက်နှာပြင်အပူချိန် နွေးထွေးလာသောကြောင့် ရာသီဥတု အခြေအနေများကို ကသောင်းကနင်းဖြစ်ပေါ်စေသည့် အယ်လ်နီနိုဟုခေါ်သော ရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly