နိုင်ငံသားဖြစ်ခွင့်မရှိသူများအား မှတ်ပုံတင်ကဒ်ပြားထုတ်ပေးထားမှုအပေါ် စစ်တွေတွင် ဆန္ဒပြ

နိုင်ငံသားဖြစ်ခွင့်မရှိသူများအား မှတ်ပုံတင်ကဒ်ပြားထုတ်ပေးထားမှုအပေါ် စစ်တွေတွင် ဆန္ဒပြ
(ဓာတ်ပုံ-မျိုးခိုင်အောင်)

စစ်တွေ၊ မတ် ၁၉ ။             ။ နိုင်ငံသားဖြစ်ခွင့်မရှိသူများအား မှတ်ပုံတင်ကဒ်ပြားထုတ်ပေးထားမှုအပေါ် ပြည်နယ် လဝကဦးစီးမှူးအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မတ်လ ၁၉ရက် နေ့လည်က ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့သည်။

ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ တက်ကြွလှုပ်ရှားသူ ၅၀၀ခန့်သည် မတ် ၁၉ရက် နေ့လည် ၁ နာရီ၌ စစ်တွေမြို့၊ ဝင်္ကဘာကွင်းမှ စတင်ထွက်ခွာကာ ဆေးရုံကြီးအနီးရှိ နာရီစင်ကိုပတ်ပြီး ဝင်္ကဘာကွင်းသို့ ပြန်လည်ချီတက်ခဲ့ကြသည်။

ဆန္ဒပြသူများသည် လဝကမှူးကို ချက်ချင်းဖမ်း၊ ရခိုင်လူမျိုး တည်တံ့ရေး၊ ရခိုင်ပြည်နယ် တည်တံ့ရေးစသည့် တောင်းဆိုချက်များကို ကြွေးကြော် ချီတက်ခဲ့ကြသည်။

ဆန္ဒပြပွဲ ဦးဆောင်သူများက မတ်လ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဦးဥတ္တမပန်းခြံတွင် သပိတ်စခန်းဖွင့်လှစ်ခွင့် တောင်းဆိုခဲ့သော်လည်း ပြည်နယ်အစိုးရအဖွဲ့က ခွင့်မပြုထားကြောင်း သတင်းရရှိသည်။

စစ်တွေမြို့တွင် ခိုးဝင်ဘင်္ဂါလီများနှင့် ပတ်သက်၍ မကြာခဏ ဆန္ဒပြမှုများ ဖြစ်ပွားပြီး ယခုတစ်ကြိမ်သည် အင်အားအများဆုံးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly