တောင်ကိုရီးယားနိုင်ငံသားများက အမေရိကန်၏ ဒုံးပျံကာကွယ်ရေးစနစ်အား ဆန့်ကျင်ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံသားများက အမေရိကန်၏ ဒုံးပျံကာကွယ်ရေးစနစ်အား ဆန့်ကျင်ဆန္ဒပြ

 မတ် ၁၈ ။             ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာက တောင်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်စဉ်တွင် ဒုံပျံကာကွယ်ရေးစနစ် တပ်ဆင်ခြင်းအား ဆက်လက်လုပ်ဆောင်သွားမည်ဟု ထပ်လောင်းပြောကြားခဲ့သော ကြောင့် တောင်ကိုရီးယားနိုင်ငံသား အများအပြားက ပြီးခဲ့သော စနေနေ့တွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

ရက်စ်တိုင်လာက အမေရိကန်ပြည်ထောင်စု နှင့် တောင်ကိုရီးယားနိုင်ငံသည် THAAD ဟု ခေါ်သော ဒုံးပျံ ကာကွယ်ရေးစနစ် တပ်ဆင်ခြင်းအား ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း   ပြီးခဲ့သော သောကြာနေ့တွင် ပြောခဲ့သည်။

ဒုံးပျံကာကွယ်ရေးစနစ်အား တပ်ဆင်မည့်နေရာဖြစ်သော ဆွန်းဂျုကောင်တီ၌ နေထိုင်သူများက ထိုစနစ်သည် ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်များကို ဖြစ်ပေါ်လာစေနိုင်ကြောင်းနှင့် ထိုစနစ်ကြောင့် ၄င်းတို့နေထိုင်ရာ နေရာသည် မြောက်ကိုရီးယားနိုင်ငံ၏ ဦးစားပေးပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်သော နေရာဖြစ်လာနိုင်ကြောင်း ပြောခဲ့ကြသည်။

ဆိုးလ်မြို့၏ အရှေ့တောင်ဘက်ခြမ်းမှ ကောင်တီများနှင့် ဆွန်းဂျုကောင်တီမှ နေထိုင်သူ ၂၀၀၀ ခန့်သည် “THAAD အလိုမရှိ ငြိမ်းချမ်းရေးသာအလိုရှိသည်” ဆိုသော စာတန်းများကို ကိုင်ဆောင်ကာ ချီတက်စုရုံးခဲ့ကြ သည်။

ဆန္ဒပြသသူများ ဒုံးပျံစနစ်တပ်ဆင်ရာနေရာသို့ ရောက်မလာနိုင်စေရန်နှင့် ချီတက်ဆန္ဒပြမှု တည်တည်ငြိမ်ငြိမ် ရှိစေရန်အတွက် ရဲတပ်သား ၂၀၀၀ခန့်ကို နေရာချထားကြောင်း သိရသည်။

အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံက အဆိုပါစနစ်သည် ကာကွယ်ရေးရည်ရွယ်ချက်ဖြင့်သာ တပ်ဆင်ခြင်းဖြစ်ကြောင်း ပြောထားသော်လည်း တရုတ်နိုင်ငံက ထိုစနစ်တွင် ၄င်းတို့နိုင်ငံနယ်နမိတ်အတွင်းသို့ ဖောက်ထွင်းကြည့်ရှုနိုင်သော ရေဒါများပါရှိသောကြောင့် နိုင်ငံလုံခြံုရေးကို ထိပါးလာနိုင်သည်ဟုဆိုကာ ဒေါသတကြီး တုံ့ပြန်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags