ရသတွေစုံတဲ့ ၂၀၁၆ အကယ်ဒမီ

ရသတွေစုံတဲ့ ၂၀၁၆ အကယ်ဒမီ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ပြည်သူ့ရင်ပြင်မှာ ပထမဦးဆုံး ကျင်းပတဲ့ ၂၀၁၆ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ပရိသတ်အများ မျှော်မှန်းထားသူများလည်း ရွှေစင်ဆု ဆွတ်ခူးနိုင်ခဲ့ကြသလို ပရိသတ် ထင်ကြေးပေးထားပေမယ့် လွဲချော်ခဲ့ရသူတွေလည်း ရှိပါတယ်။

အများက အကယ်ဒမီမှန်းထားကြတဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို သက်မွန်မြင့်က "ချစ်လှစွာသော အမုန်း" ရုပ်ရှင်ဇာတ်ကားဖြင့် ရရှိခဲ့ပြီး အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို " အုတ်ကြားမြက်ပေါက်" ရုပ်ရှင်ဇာတ်ကားဖြင့် ထွန်းထွန်းက ရရှိခဲ့ကာ အဆိုတော်ကနေ အကယ်ဒမီထွန်းထွန်း ဖြစ်လာခဲ့ပါတယ်။

" အုတ်ကြားမြက်ပေါက်" ရုပ်ရှင်ကားဖြင့် ဇာတ်ကားဆု နှင့် ဒါရိုက်တာဆု ထပ်မံရရှိခဲ့ပြီး ဝါရင့်ရုပ်ရှင်ဒါရိုက်တာညွန့်မြန်မာညီညီအောင်က ရိုက်ကူးထားတာပါ။

အကယ်ဒမီ မရတာ ၁၂ ရှိပြီဖြစ်လို့ ဒီဆုအတွက် လိပ်ပြာသန့်ပါတယ်လို့ ပြောလာသူ လူမင်းက အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို "ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။

ရုပ်ရှင်အထူးဆုကို "မနောမြေမှ ကျောက်စိမ်းကမ္ဘာ" ရုပ်ရှင်ဇာတ်ကား၊ အကောင်းဆုံး ရုပ်ရှင်အသံဆုကို"မှော်ကျောက်စာ" ရုပ်ရှင်ဇာတ်ကားမှ ဦးကြည်မင်းသိန်း၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို "လူးရတနာသိုက်" ရုပ်ရှင်ဇာတ်ကားမှ ဓီရာမိုရ်၊  အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုကို "ဧဒင်ရဲ့နတ်သမီး" ရုပ်ရှင်ဇာတ်ကားမှ ဦးဉာဏ်ဝင့်၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို" လူးရတနာသိုက်" ရုပ်ရှင်ဇာတ်ကားမှ မောင်မြင့်၊ အေးမင်း၊ အငယ်လေးတို့က အသီးသီးဆွတ်ခူးနိုင်ခဲ့ပါတယ်။

နိုင်ငံခြားသရုပ်ဆောင်များနှင့် တွဲဖက်ရိုက်ကူးသော မြန်မာရုပ်ရှင်ကားများ ရှိလာပေမယ့် အကယ်ဒမီဆုရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားခြင်းမပြုရန် ရုပ်ရှင်အစည်းအရုံးက ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly