ဒေသတွင်း တင်းမာမှု အန္တရာယ်အဆင့်ရောက်နေပြီဆိုကာ မြောက်ကိုရီးယားအရေး တရုတ်နှင့် အမေရိကန်ပူးပေါင်းမည်

ဒေသတွင်း တင်းမာမှု အန္တရာယ်အဆင့်ရောက်နေပြီဆိုကာ မြောက်ကိုရီးယားအရေး တရုတ်နှင့် အမေရိကန်ပူးပေါင်းမည်

ပေကျင်း၊ မတ် ၁၈ ။                ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ဒေသတွင်းတင်းမာမှု အန္တရာယ်အဆင့်ရောက်နေပြီ သတိပေးကာ မြောက်ကိုရီးယားရဲ့ နျူကလီးယားစီမံကိန်း
ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းသွားရေးမှာ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံတို့က ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မတ် ၁၈ ရက်မှာ ကတိကဝတ်ပြုလိုက်ပါတယ်။

မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ရင် ဝါရှင်တန်ဟာ ရန်လိုနေတယ်လို့ ပေကျင်းက ပြစ်တင်ထားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တရုတ်ဟာ ရန်လိုတဲ့
အိမ်နီးချင်းနိုင်ငံကို ထိန်းသိမ်းမှု မရှိဘူလို့ စွပ်စွဲထားကြရာက ပြေရာပြေကြောင်းအဖြစ် တရုတ်မှာ ဆွေးနွေးပွဲကျင်းပလာတာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ အမေရိကန်နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးဟာ မြောက်ကိုရီးယားအရေးမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ်လို့ သဘောတူခဲ့တာဖြစ်ပါတယ်။

“မြောက်ကိုရီးယားအရေးတင်းမာမှုက အန္တရာယ်အဆင့်ကို ရောက်နေတယ်။ ဒီအတွက် ဖြေရှင်းရေးမှာ ကျွန်တော်တို့ ဘုံအမြင်နဲ့ သဘောထားတွေ ဖလှယ်ပူးပေါင်းဖို့ သဘောတူညီမှု ရတယ်။”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီနဲ့ တွေ့ဆုံပြီးနောက်မှာ တေလာဆန်က ဆိုပါတယ်။

“တကယ်လို့ မြောက်ကိုရီးယားအစိုးရဟာ လမ်းကြောင်းမပြောင်းဘူး၊ မှန်ကန်တဲ့ လမ်းဆီရောက်မလာဘူး၊ နျူကလီးယားလက်နက် ဖွံ့ဖြိုးရေးကနေ မစွန့်ခွာဘူး  ဆိုရင် ကျွန်တော်တို့အနေနဲ့ ရှေ့ကို
ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

ဒါပေမယ့် တရုတ်တောင်းဆိုထားတဲ့ မြောက်ကိုရီးယားနဲ့ စေ့စပ်ဆွေးနွေးရေးပွဲတွေ လုပ်ဆောင်ဖို့နဲ့ ပတ်သက်ပြီးတော့ ၎င်းက ပြည့်ပြည့်စုံစုံပြောဆိုခဲ့ခြင်း မရှိပါဘူး။

တေလာဆန်ဟာ အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့ထံ လည်ပတ်ခဲ့ပြီးနောက် မတ် ၁၈ ရက်မှာ တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags