ပရီးမီးယားလိဂ်ခက်ကြောင်း ဂွါဒီယိုလာ နားလည်လောက်ပြီဟု အဲရစ်ဆင်ပြော

ပရီးမီးယားလိဂ်ခက်ကြောင်း ဂွါဒီယိုလာ နားလည်လောက်ပြီဟု အဲရစ်ဆင်ပြော

မတ် ၁၈၊ မန်ချက်စတာ။          ။ အင်္ဂလန်နှင့် မန်စီးတီးနည်းပြဟောင်း အဲရစ်ဆင်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြားလိဂ်များထက် ခက်ခဲကြောင်း ဂွါဒီယိုလာ နားလည်လောက်ပြီဟု ပြောဆိုလိုက်သည်။

ဂွါဒီယိုလာသည် ယခုရာသီအစက မန်စီးတီးကို စတင်ကိုင်တွယ်ခဲ့ပြီး ရာသီအစပိုင်းတွင် ရလဒ်များကောင်းခဲ့ သော်လည်း လက်ရှိတွင် ရုန်းကန်နေရပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ချယ်လ်ဆီးနှင့် (၁၀)မှတ်အထိ ကွာဟ နေသည်။

အဲရစ်ဆင်က ''ပရီးမီးယားလိဂ်ဟာ လာလီဂါ၊ ဘွန်ဒစ်လီဂါတို့ထက် ခက်တာကို ဂွါဒီယိုလာကောင်း ကောင်းနားလည်လောက်ပါပြီ။

အဲဒီပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းက (၂)သင်း၊ (၃)သင်း လောက်ပဲရှိပေမယ့် ပရီးမီးယားလိဂ်မှာတော့ (၇)သင်းလောက်ထိ ရှိပါတယ်။ ပြီးတော့ ဒီမှာ ပွဲစဉ်တိုင်းမှာ ခင်ဗျား ရှုံးသွားနိုင်ပါတယ်'' ဟု ဆိုခဲ့သည်။ရည်ညွှန်း - ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly