နိုဘယ်ဆုနှင့် ဘလတ္တာ ထိုက်တန်ဟု ရုရှသမ္မတ ပူတင်ပြော

နိုဘယ်ဆုနှင့် ဘလတ္တာ ထိုက်တန်ဟု ရုရှသမ္မတ ပူတင်ပြော

ဇူလိုင် ၂၈၊ မော်စကို ။      ။ ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာသည် နိုဘယ်ဆုနှင့်ထိုက်တန်သူဖြစ်ကြောင်း ရုရှသမ္မတ ပူတင်က ပြောဆိုလိုက်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာသည် လက်ရှိတွင် အဖွဲ့ချုပ်တွင်း မသမာမှုများကြောင့် အကျပ်တည်းကြုံနေပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှအား အိမ်ရှင်အဖြစ် ကျင်းပခွင့်ပေးခဲ့ခြင်းအတွက်လည်း စစ်ဆေးခံနေရသည်။

"နိုင်ငံတာအားကစားအဖွဲ့အစည်းကြီးတစ်ခုကို ဦးဆောင်နေတဲ့ မစ္စတာဘလတ္တာလိုလူမျိုး၊ ဒါမှမဟုတ် အိုလံပစ်အားကစားပြိုင်ပွဲတွေကို ဦး ဆောင်ဦးရွက်ပြုသူမျိုးဟာ အထူးဂုဏ်ပြုဆုနဲ့ ထိုက်တန်ပါ တယ်။ နိုဘယ်ဆုပေးလို့ရရင် အဲဒီလိုလူမျိုးတွေနဲ့ ထိုက်တန်ပါတယ်"ဟု ပူတင်က ပြောသည်။

ဖီဖာအဖွဲ့ဝင် ၁၄ ဦးလာဘ်စားခဲ့သည်ဟု အမေရိကန်က စစ်ဆေးတွေ့ရှိမှု၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ခုနှစ်ဦးဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်ရပ်ပေါ်ပေါက်လာအပြီးတွင် ဘလတ္တာသည် ဥက္ကဋ္ဌရာထူး မှနုတ်ထွက်သွားမည်ဟု ဇွန် ၂ ရက်တွင် ကြေညာခဲ့သည်။

၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ပေးခဲ့ခြင်းနှင့်ပတ်သက်ပြီးလည်း ရိုးသားမှုရှိ၊ မရှိကို ဆွစ်အာဏာပိုင်များ က စုံစမ်းစစ်ဆေးနေကြသည်။

ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး အသက် ၇၉ နှစ်ရှိ ဘလတ္တာက ၎င်းအနေဖြင့် လိပ်ပြာသန့်ကြောင်းနှင့် လာမည့် ဖေဖော်ဝါရီ တွင်ပြုလုပ်မည့် ဥက္ကဋ္ဌသစ်ရွေးပွဲအထိ ရာထူးကို ဆက်လက် တာဝန်ယူသွားမည်ဟု ပြောသည်။

"အခုအချိန်မှာ မစ္စတာဘလတ္တာနားပတ်ဝန်းကျင်က အခြေအနေတွေတိုးတက်နေပြီဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်။ နက်နက်ရှိုင်း ရှိုင်းတော့ ကျွန်တော်ဝင်မပါချင်ပါဘူး။ ဒါပေမဲ့ သူဟာ ချစားမှုမှာပတ်သတ်နေလိမ့်မယ်လို့တော့ ကျွန်တော်မယုံပါဘူး"ဟု မစ္စတာပူတင်က ဆွစ်ရုပ်သံနှင့်တွေ့ဆုံစဉ့်ထပ်လောင်းပြောဆိုသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly