ပြင်သစ် လေဆိပ်တစ်ခု၌ တာဝန်ကျလုံခြံုရေးထံမှ သေနတ်လုယူသွားသူ အမျိုးသားတစ်ဦးကို ပစ်ခတ်ရှင်းလင်း

ပြင်သစ် လေဆိပ်တစ်ခု၌ တာဝန်ကျလုံခြံုရေးထံမှ သေနတ်လုယူသွားသူ အမျိုးသားတစ်ဦးကို ပစ်ခတ်ရှင်းလင်း

မတ် ၁၈ ။             ။ ပါရီမြို့ရှိ Orly လေဆိပ်၌ မတ်လ ၁၈ ရက်က တာဝန်ကျစစ်သားတစ်ဦးထံမှ လက်နက်ကို လာရောက်လုယူထွက်ပြေးသွားသူ အမျိုးသားတစ်ဦးအား လုံခြံုရေးများက ပစ်ခတ်ရှင်းလင်းလိုက်ရကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြို့တော်တွင် ဒုတိယအကြီးဆုံးသော လေဆိပ်၌ ဖြစ်ပွားသော ယင်း ပစ်ခတ်မှုဖြစ်စဉ်တွင် အခြား ထိခိုက်မိသူ မရှိခဲ့ကြောင်း သိရသည်။

နံနက် ၈ နာရီခွဲ ခန့်တွင် ဖြစ်ပေါ်ခဲ့သည့် အဆိုပါ ဖြစ်စဉ်နောက်ပိုင်း လေဆိပ်၌  ခရီးသည်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရှင်းလင်းပေးခဲ့သည်ဟုလည်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

" အမျိုးသားတစ်ဦးက ဒီက တာဝန်ကျ စစ်သားဆီက သေနတ်ကို လာလုယူသွားတာပါ၊ ပြီးတော့ သူက ဆိုင်တစ်ဆိုင်ထဲ ၀င်ပုန်းနေခဲ့တာပါ၊ လုံခြံုရေးတပ်ဖွဲ့ဝင်တွေက သူ့ကို ပစ်ခတ်ရှင်းလင်းလိုက်ရပါတယ်"  ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

သေဆုံးသွားသည့် အမျိုးသား မည်သူမည်ဝါ ဖြစ်သည်ဆိုသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပြန်ရှင်းလင်းခြင်း မရှိသေးပေ။

ယင်းဖြစ်စဉ်ကြောင့် လေဆိပ်၌ ပုံမှန်သွားလာမှုများ ခေတ္တရပ်ဆိုင်းသွားခဲ့ရကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly