မြောက်ကိုရီးယားအရေး ဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သို့ ရောက်ရှိ

မြောက်ကိုရီးယားအရေး ဆွေးနွေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သို့ ရောက်ရှိ

မတ် ၁၈ ။         ။ သမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အစိုးရအဖွဲ့ တက်လာပြီးနောက် ပထမဆုံးအကြိမ်အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တီလာဆန် မတ်လ ၁၈ ရက်က တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

၎င်းရဲ့ ယခုခရီးစဉ်အတွင်းမှာတော့ တီလာဆန်အနေနဲ့ ဒေသတွင်း နျူကလီးယားစမ်းသပ်မှုတွေကို လုပ်ဆောင်နေတဲ့ မြောက်ကိုရီးယားကို ၀ိုင်းဝန်းထိန်းကွပ်ဟန့်တားပေးဖို့အရေး တရုတ်ကို ဖိအားပေးသွားမယ်လို့ ယူဆရပါတယ်။

မြောက်ကိုရီးယားကို ထိန်းချုပ်ဖို့ လုပ်ဆောင်ရာမှာတော ့ အင်အားကြီး တရုတ်ရဲ့ အကူအညီကို ရယူဖို့ အမေရိကန်ဘက်က ကြိုးပမ်းလာဖို့ ရှိနေတာဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟာ မတ်လ ၁၈ ရက်နံနက်ပိုင်းမှာပဲ တရုတ်နိုင်ငံ မြို့တော် ပေကျင်းကို ရောက်ရှိလာတာဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေလျက်ရှိပါတယ်။

ယခု တွေ့ဆုံမှုမှာတော့ ပြုံယမ်းအာဏာပိုင်တွေရဲ့ နျူကလီးယား စမ်းသပ်မှုလုပ်ရပ်တွေကို ဘယ်လိုမျိုး တားဆီး ထိန်းချုပ်ဟန့်တာနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ယခု တရုတ်ခရီးစဉ်အတွင်းမှာတော့ ကန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့  လာမယ့် မတ်လ ၁၉ ရက်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ပါ တွေ့ဆုံဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ယမန်နေ့ကလည်း မြောက်ကိုရီးယားတို့အပေါ် စစ်ရေးအရ အရေးယူကောင်းယူနိုင်တယ်လို့လည်း ပြောဆိုထားခဲ့သူဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly