အာရှဖလားခြေစစ်ပွဲ မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်း ရွေးချယ်

အာရှဖလားခြေစစ်ပွဲ မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်း ရွေးချယ်
 စက်တင်ဘာ ၇ ရက်က နယူးဇီလန်အသင်းနှင့် ခြေစမ်းပွဲ ကစားခဲ့သော မြန်မာ့လက်ရွေးစင်အသင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေဘုတ်
 
 

မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မတ်လ ၂၁ ရက်နေ့ ၊ ဒေသစံတော်ချိန် ညနေ (၄းဝဝ) နာရီ (မြန်မာစံတော်ချိန် နေ့လည် ၂း၃၀ နာရီ) တွင် အင်ဒိုနီးရှားအသင်းနှင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ ပါကန်စာရီအားကစားကွင်းတွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း၏ အပြီးသတ်လူစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ ထုတ်ပြန်သည်။

ဂိုး - သီဟစည်သူ ၊ ရန်အောင်လင်း၊ ဘုန်းသစ္စာမင်း၊ နောက်တန်း - ဒေးဗစ်ထန်၊ ဟိန်းသီဟဇော်၊ ဖြိုးကိုကိုသိန်း၊ ဝင်းမင်းထွဋ်၊ မျိုးကိုထွန်း၊ ထလန်ဟုတ်ထန်၊ သိန်းသန်းဝင်း၊ အလယ်တန်း - တင်ဝင်းအောင်၊ ရန်အောင်ကျော်၊ စည်သူအောင်၊ သက်နိုင်၊ ဇင်ဖြိုးအောင်၊ အောင်သူ၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ ရှေ့တန်း - ဆော်လမန်၊ သန်းပိုင်၊ ကျော်ကိုကို တို့ ဖြစ်သည်။

လာမည့် မတ်လ ၂၈ ရက်နေ့တွင် နေ့လည် ၁၂နာရီခွဲတွင် အိန္ဒိယအသင်းနှင့် သုဝဏ္ဏအားကစားကွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly