အငြင်းပွားမှုစိစစ်နေဆဲ လယ်ယာမြေပေါ် ကုမ္ပဏီက ဝင်ရောက်ထွန်ယက်၍ လယ်သမားများ သပိတ်စခန်းဖွင့်

အငြင်းပွားမှုစိစစ်နေဆဲ လယ်ယာမြေပေါ် ကုမ္ပဏီက ဝင်ရောက်ထွန်ယက်၍ လယ်သမားများ သပိတ်စခန်းဖွင့်
ဓာတ်ပုံ - ရေခဲ(ပြည်)

ပြည်၊ မတ် ၁၈ ။            ။ ပဲခူးတိုင်​း ပြည်​ခရိုင်​ ပြည်​မြို့တွင်​ လယ်​ယာမြေစိစစ်​ရေးကော်​မတီက စိစစ်​​နေ​သော ​အငြင်​းပွားမြေယာ​များကို ကုမ္ပဏီက ဝင်​​ရောက်​ထွန်​ယက်​သည့်အတွက် လယ်​သမားများက မတ်​လ ၁၇ရက်​က သပိတ်​စခန်​းဖွင့် ဆန္ဒပြခဲ့သည်​။

ပြည်မြို့နယ်၊ အနောက်လက္ခုပ္ပင်ကျေးရွာနေ တောင်သူ ၁၇ဦးပိုင်​ လယ်​ယာ​မြေ ၃၈.၅ ဧကကို စစ်​တပ်​က သိမ်​းယူခဲ့ပြီး delicious food ကုမ္ပဏီ (မြရွာသကြားစက်​)ကို လုပ်​ကိုင်​ခွင်​့ ပေးထားခြင်းဖြစ်သည်။ တောင်​သူများက မြို့နယ်​၊ ခရိုင်​၊ တိုင်​း လယ်​ယာ​မြေနှင်​့ အခြား​မြေများစုံ စမ်​းစစ်​​ဆေး​ရေး​ကော်​မတီသို့ တင်​ပြ​တောင်​းခံရာ ​ထို​မြေများကို ​ကော်​မတီက စိစစ်​လျက်​ရှိသည်​။

"စစ်​​ဆေး​ရေး​ကော်​မရှင်​ကို ကျ​နော်​တို့တင်​ပြထားတယ်​။  စစ်​​ဆေး​နေဆဲလယ်​ယာ​မြေ​တွေကို ဥပ​ဒေအရ ဝင်​​ရောက်​ထွန်​ယက်​ခွင်​့မရှိဘူး"ဆန္ဒပြလယ်​သမား ကိုမျိုးနိုင်က ရှင်းပြသည်။

မတ်​လ ၁၆ ရက်၊ ၁၇ ရက်​​များတွင်​ ကုမ္ပဏီကဝင်​​ရောက်​ထွန်​ယက်​ရာ လယ်​သမားများက မြို့နယ်​အုပ်​ချုပ်​​ရေးမှူးရုံးသို့ တင်​ပြ​ကန်​့ကွက်​ခဲ့သည်​။ သို့သော် မြို့နယ်​​ထွေအုပ်​ရုံးက ယင်းကိစ္စကို အ​ရေးယူတားမြစ်​ခြင်​းမရှိသဖြင်​့ သပိတ်​စခန်​းဖွင်​့လှစ်​ရခြင်​းဖြစ်​ကြောင်​း လယ်​သမားများက​ပြောသည်​။

"ထွန်​စက်​နှစ်​စီးနဲ့ ဝင်​ထွန်​တယ်​။ ဘယ်​သူ​မောင်​းခိုင်​းတာလဲပြော​တော့ ဦးဝင်​းသိန်​း​မောင်​းခိုင်​းတာလို့​ပြောတယ်​"ဟု လယ်​သမား မျိုးနိုင်​က ဆိုသည်​။

သိမ်​းဆည်​းခံလယ်​​မြေများ ပြန်​လည်​​ပေးအပ်​ရန်​၊ ​စိစစ်​ဆဲ လယ်​​မြေကို ဝင်​​ရောက်​ထွန်​ယက်​သူ သကြားစက်​အား အ​ရေးယူ​ပေးရန်​ ​တောင်​းဆိုချက်​ နှစ်​ခုကို လယ်​သမားများက ထုတ်​ပြန်​​ကြေငြာထားသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly