မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ကြေညာချက်ထုတ်မယ့်ကိစ္စ တရုတ်နဲ့ ရုရှတို့ ကန့်ကွက်

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ကြေညာချက်ထုတ်မယ့်ကိစ္စ တရုတ်နဲ့ ရုရှတို့ ကန့်ကွက်
မောင်တောဒေသ ငါးခူရ ရွာ မီးလောင်ထားသည့်အိမ်တစ်အိမ် ရှေ့မြင်ကွင်း ။ ဓာတ်ပုံ - မဇ္ဈိမ

မတ် ၁၈ ။             ။ မြန်မာနိုင်ငံ ရခိုင်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြံုရေးကောင်စီမှာ အဆိုပြုတင်သွင်းလာတဲ့ ကြေညာချက်ထုတ်မယ့်ကိစ္စအပေါ် တရုတ််နဲ့ ရုရှတို့က သဘောမတူဘဲ ကန့်ကွက်လိုက်တယ်လို့ သိရပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်လို့ မတ်လ ၁၇ ရက်က ကုလလုံခြံုရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံတွေ အစည်းအဝေးလုပ် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

လုံခြံုရေးကောင်စီမှာ ယခုအဆိုပြုလာတဲ့ ကြေညာချက်မှာတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်လို့ များစွာ စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားချက်တွေ ပါ၀င်လာမှာဖြစ်တယ်လို့ သံတမန်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်တွေ ရှိထားခဲ့တယ်ဆိုပြီး ကုလ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတွေက စွပ်စွဲပြောကြားထားတာဖြစ်ပါတယ်။

ယခုလို ထုတ်ပြန်ချက်မျိုးအတွက် လုံခြံုရေးကောင်စီ အစည်းအဝေးမှာ တစ်ခဲနက် သဘောတူညီချက်ရဖို့ လိုအပ်ခဲ့ပေမယ့် တရုတ်နဲ့ ရုရှတို့ရဲ့ ကန့်ကွက်မှုနဲ့အတူ အများသဘောတူညီချက် မရခဲ့ဘူးလို့ ဗြိတိန်သံအမတ် မက်သရူး ရိုင်းခရော့ဖ်က သတင်းသမားတွေကို ပြောပါတယ်။

ယခုကိစ္စမှာ တရုတ်နဲ့ ရုရှတို့က ကန့်ကွက်ခဲ့ကြတယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ သံတမန်တွေက အတည်ပြုပြောပါတယ်။

ထုတ်ပြန်မယ်ဆိုပြီး အဆိုပြုထားတဲ့ ကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံတွင်းက ဒေသတစ်ချို့မှာ ယခုနောက်ပိုင်း တိုက်ပွဲတွေ ထပ်ဖြစ်လာတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း၊ ဒေသအားလုံးကို လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိဖို့ အရေးတကြီးလိုအပ်တဲ့အကြောင်းတွေ ထည့်သွင်းပါ၀င်လာမှာဖြစ်တယ်လို့သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags