ပြိုင်ပွဲဝင် သားငယ် သီဆိုမှုကို မနာလို ဖြစ်မိတဲ့ အဆိုတော် မြန်မာပြည်သိန်းတန်

ပြိုင်ပွဲဝင် သားငယ် သီဆိုမှုကို မနာလို ဖြစ်မိတဲ့ အဆိုတော် မြန်မာပြည်သိန်းတန်

Myanmar Idol Season 2 ၏ Top 3 ယှဉ်ပြိုင်မှုတွင် ပြိုင်ပွဲဝင် သားငယ် ယှဉ်ပြိုင်မှုကို မနာလိုဖြစ်မိကြောင်း ဒိုင်ဖြစ်သူ အဆိုတော် မြန်မာပြည်သိန်းတန်က ချီးကျူးစကား ပြောဆိုခဲ့သည်။

Myanmar Idol Season 2 ၏ Top 3 ယှဉ်ပြိုင်မှုကို မတ်လ ၁၆ ရက်တွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်များမှ စိတ်ဓာတ်ခွန်အား​ပေးသည့် တေးသီချင်းများကို ရွေးချယ် သီဆိုယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲဝင် သားငယ်မှ တေးရေး စောဘွဲ့မှူး ရေးသား ထားသည့် ပဲ့ကိုင် တေးသီချင်းဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင် ဘီလီလမင်းအေးမှ တေးရေး ထူးအိမ်သင် ရေးသားထားသည့် စိတ်မညစ်နဲ့ တေးသီချင်းဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကာ ပြိုင်ပွဲဝင် ပိုးမီကတော့ တေးရေး သွန်းပူရေးသားထားသည့် ယုံကြည်ရာ တေးသီချင်းဖြင့် အသီးသီး သီဆိုယှဉ်ပြိုင်ခဲ့ကြသည်။

ထိုယှဉ်ပြိုင်မှုတွင် ပြိုင်ပွဲဝင် သားငယ်၏ သီဆိုယှဉ်ပြိုင်မှုအား ဒိုင်ဖြစ်သူ မြန်မာပြည်သိန်းတန်က "ဒီသီချင်းကို ဆိုနေရင်းနဲ့ စိတ်ထဲမှာ ဘာဖြစ်မိလဲ ဆိုရင် music တွေရဲ့ ပေါင်းစပ်မှုနဲ့ မင်းရဲ့ ဩဇာအာဏာ ပြင်းထန်တဲ့ အသံနဲ့ ဆိုလိုက်တဲ့အခါမှာ တအား ခွန်​အားရပါတယ်။ နားထောင်နေရင်းနဲ့ ရှင်းရှင်းပြောရရင် အန်ကယ် မင်းကို မနာလိုဘူး။ အန်ကယ် ဒီလောက်ဆိုခဲ့တာ ဒီတစ်ပုဒ် မင်းဆိုတာ အန်ကယ် နှစ်တွေ အများကြီးဆိုခဲ့တာတောင် နားထောင် နေရင်းနဲ့ မင်းကို မနာလိုဘူးကွာ" ဟု ချီးကျူးစကား ပြောဆိုခဲ့သည်။

ပြိုင်ပွဲဝင် ၃ဦး၏ ယှဉ်ပြိုင်မှု အပြီးတွင် မတ်လ ၁၇ရက်၌ ထို ၃ဦးထဲကမှ ၁ဦးသည် ပရိသတ် မဲအနည်းဆုံးဖြင့် Myanmar Idol Season 2 မှ နှုတ်ဆက်ထွက်ခွာ သွားရမည် ဖြစ်သည်။

ကျန်ရှိသည့် ပြိုင်ပွဲဝင် နှစ်ဦးကတော့ Grand Final ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး တစ်ဦးကတော့ Myanmar Idol အဖြစ် ရွေးချယ်ခံရမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly