အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ၁၁ ချက် လက်မလွှတ်သေးဟု ဆို

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ၁၁ ချက် လက်မလွှတ်သေးဟု ဆို

ရန်ကုန် မတ် ၁၇ ။           ။ သပိတ်မှောက်ကျောင်သားများတောင်းဆိုခဲ့သည့် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအချက်(၁၁)ချက်ကို NLD အစိုးရ လက်ထက်တွင်လည်း တောင်းဆိုနေဆဲဖြစ်သည်ဟု ဗ.က.သများအဖွဲ့ချုပ်၊ ဗဟိုလုပ်ငန်းကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် မရွှေရည်စိုးလင်းက ပြောသည််။

ယနေ့၊နေ့လည်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည့် "လူငယ် နှင့် အနာဂတ်ပညာရေးအိပ်မက်" ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းတွင်   ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒီ ၁၁ ချက်နဲ့ ပတ်သက်ပြီး တောင်းဆိုနေဆဲပါ။ အခြေအနေအချိန်အခါအရ ဒါနဲ့ ပတ်သက်ပြီး ကျွန်မတို့ကို လော်ဘီလုပ်ခံရတာရှိတယ်။ တစ်ကယ်တော့ ကျောင်းသားတွေက   နိုင်ငံရဲ့ပညာရေးကို   တောင်းဆိုတာ။ ဒါပေမယ့် ကျောင်းသားတွေက ဆန္ဒပဲပြချင်တာ ဆိုတာမျိုးကို ရင်ဆိုင်ရတယ်။ ကျွန်မတို့က ပြည်သူ့အသံကို နားထောင် တယ်။ ပြည်သူ စိတ်အနှောက်အယှက်   ဖြစ်အောင်မလုပ်ဘူး" ဟု ဗ.က.သများအဖွဲ့ချုပ်၊ ဗဟိုလုပ်ငန်းကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် မရွှေရည်စိုးလင်းက ပြောသည်။

ထို့ပြင် ပုဂ္ဂလိကကျောင်းများတွင်လည်း ကျောင်းသားများ ပညာသင်ကြားမှုလုံခြုံမှုရှိစေရေးနှင့် စနစ်တကျပညာ သင်ကြားစေနိုင်ရေးအတွက် အစိုးက ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းပေးရန် လိုအပ်သည်ဟု လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူး မအိသဥ္ဇာမောင်က ပြောသည််။

''ပုဂ္ဂလိကကျောင်းတွေကို ကြီးကြပ်တဲ့အဖွဲ့ဆိုတာ ရှိသင့်တယ်။ ဒီအဖွဲ့တွေမှာ ဆရာ ဆရာမတွေ ပါရ မယ်။ဒေသဆိုင်ရာ ပညာရှင်တွေ ပါရမယ်။ ကျောင်းသားမိဘတွေ လွတ်လပ်တဲ့ပညာရှင်တွေပါရမယ်။ အဲဒီ အဖွဲ့တွေက သင်ရိုးညွှန်းတမ်းရေးဆွဲရေးကော်မတီက ရေးဆွဲလိုက်တဲ့သင်ရိုးတွေကို သူတို့ကျောင်းတွေ နဲ့ကိုက်ညီအောင် သင်ကြားရမယ်။ နောက်ပြီး ပုဂ္ဂလိကကျောင်းတွေက သာမန်မိဘတွေ တတ်နိုင်တဲ့ အနေအထား ဖြစ်ရမယ်" ဟု လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူး မအိသဥ္ဇာမောင်က ပြောသည််။

ယင်းစကားဝိုင်းတွင် ဗ.က.သများအဖွဲ့ချုပ်က မရွှေရည်စိုးလင်း၊ လူ့ဘောင်သစ်လူငယ်က မအိသဥ္ဇာမောင်၊ Notional Youth Congress က ကိုဇေလင်းမွန်နှင့် ရန်ကုန် ဆေးတက္ကသိုလ် ၂ ကျောင်းသား ကိုဟန်စော တို့က မြန်မာနိုင်ငံပညာရေးစနစ်နဲ့ ပတ်သက်ပြီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly