Miss Myanmar World 2017 ပြိုင်ပွဲ လူရွေးချယ်မှု စတင်တော့မည်

Miss Myanmar World 2017 ပြိုင်ပွဲ လူရွေးချယ်မှု စတင်တော့မည်

ရန်ကုန် မတ် ၁၇ ။            ။ နှစ်စဉ်ကျင်းပသည့် Miss Myanmar World ပြိုင်ပွဲအတွက် လူရွေးချယ်မှုများကို  စတင်တော့မည်ဖြစ်ပြီး မတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ စတင်လျှောက်ထားနိုင်ကြောင်း သိရသည်။

“အဓိကကတော့ အရည်အချင်းပြည့်ဝသော မြန်မာအမျိုးသမီးများရဲ့ အလှပေါ့နော်။ ဒီရဲ့ ရည်ရွယ်ချက်ကလည်း မြန်မာအမျိုးသမီးတွေအနေနဲ့ လှပရုံသာမကပဲ ပြည့်ဝတဲ့ အရည်အချင်းရှိတဲ့   မြန်မာအမျိုးသမီးတွေကို နိုင်ငံတကာစင်မြင့်မှာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး ပါဝင်ဆောင်ရွက်စေချင်တဲ့အတွက် ဒီပွဲလေးကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်”  ဟု Miss Myanmar World ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ ကန်ထရီးမန်နေဂျာ ကိုစိုးသူရက ပြောသည်။

လူရွေးချယ်မှု Grand Final ကို ဇွန်လ ၁၅ ရက်မှာ ပြုလုပ်မည် ဖြစ်ပြီး မန်လ ၂၂ နှင့် ၂၃ ရက်များတွင် လူတွေ့စစ်ဆေးကာ မတ်လ ၂၅၊ ၂၆  ရွေးချယ်ပြီးသူများကိုကြေညာကာ ထရိန်နင်များ ပေးသွားမည် ဖြစ်သည်။

Miss Myanmar World 2014 ဆုရှင် ဝိုင်းလေးကလည်း   ဆန်ခါတင်ရွေးချယ်သည့်အဆင့်တွင် ဒိုင်အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်ကြမည့့်် ပြိုင်ပွဲဝင်များကို  ရွေးချယ်မည့် စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်ပြီး “ ဒီနှစ်က အယောက် (၄၀) ၊အယောက် (၂၀) ရွေးတဲ့နေရာမှာ ဝိုင်းလေးက Judge လုပ်ပါမယ်။ ဆိုတော့ Judge လုပ်တဲ့နေရာမှာလည်း ပုံမှန် ဝိုင်းလေးတို့ ဒီ အယောက် (၄၀) ၊(၂၀) နှစ်စဉ် လုပ်ခဲ့တဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ ဒီနှစ်မှာ ဝိုင်းလေး တို့ တစ်ယောက်ချင်းစီကို one by one ကြည့်ပါမယ်။ ဝိုင်းလေးရယ် ၊ မစ္စတာဘရိုင်ယန်ရယ် မိုးကုတ်ပေါက်ပေါက်ရယ်ပေါ့နော်။ Judge အနေနဲ့ ပါတယ်ဆိုတော့” ဟု ဆိုသည်။

ရွေးချယ်မည့်ပုံစံနှင့်ပတ်သက်ပြီး အလှအပပိုင်းဆိုင်ရာသာမက အသေးစိတ်ကြည့်အကဲဖြတ်သွားမည်ဟု ၀ိုင်းလေးက ပြောသည်။

“ ရွေးချယ်တဲ့ ပုံစံကလည်း ခါတိုင်းနှစ်နဲ့မတူဘဲ သူတို့ရဲ့ Beauty ပိုင်းမှာ အသေးစိတ်ပေါ့။သူတို့ရဲ့ မျက်နှာပိုင်းမှာ ဆိုရင်လည်း မျက်လုံး၊နောက် နှာခေါင်း၊သွား ရယ်တဲ့ အပြံုးလေးတွေကအစ Detail ကြည့်ပါမယ်။ဆိုတော့ သူတို့ ဖောင်တင်ထားတဲ့ ဓာတ်ပုံမှာမှ သူတို့ရဲ့ အပြင်မှာ တခါတည်း အကဲဖြတ်ပြီး ရွေးချယ်မှာဖြစ်ပါတယ်။ဆိုတော့ ဒီနှစ်ကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ညီမကိုယ်တိုင်လည်း ရင်ခုန်နေပါတယ်”ဟု ၀ိုင်းလေးက ပြောသည်။

Miss Myanmar World ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်တွင်  စတင်ကျင်းပခဲ့ပြီး  ၂၀၁၄ ဆုရှင် ဝိုင်းလေး၊ ၂၀၁၅ ဆုရှင်မှာ ခင်ရတနာသိန်းမြင့် ၊ ၂၀၁၆ ဆုရှင်မှာ Bella ဖြစ်သည်။ ပြိုင်ပွဲ၏ အဓိကလိုအပ်ချက်မှာ  Body၊  Beauty & Brain ဖြစ်ကြောင်း ကြေညာထားသည်။ Miss Myanmar World နောက်ဆုံးဖိုင်နယ်ကို ဇွန်လ ၁၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly