ကျောက်ဖြူတွင် စက်လှေ မီးလောင်ကျွမ်း၍ လူ ၄ ဦး ရေနစ်သေဆုံး

ကျောက်ဖြူတွင် စက်လှေ မီးလောင်ကျွမ်း၍ လူ ၄ ဦး ရေနစ်သေဆုံး
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ

မတ်လ ၁၇ ။           ။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ အလှူပွဲသို့သွားသော စက်လှေတစ်စီး ယနေ့ မတ်လ ၁၇ ရက်တွင် မီးလောင်မှုဖြစ်ပွားကာ လူ ၄ ဦး ရေနစ်သေဆုံးခဲ့သည်။

ကျောက်ဖြူမြို့မှ ဦးကင်းအုပ်စု ကုလားဘာတောင်ကျွေးရွာအလှူအသွား ပဲ့နင်း ဦးဘမောင်ဦး မောင်းနှင်သော (ဦးစံထွန်းကျော် ၊တောင်းရင်းကျေးရွာအုပ်စု၊ကုလားဘာကျေးရွာ ပိုင်ဆိုင်သော) စက်လှေသည် ယနေ့ မွန်းလွှဲ ၁နာရီ ၃၅မိနစ်တွင် သစ်ပုတ်တောင်အနီး၌် စက်အင်ဂျင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လှေပေါ်စီးနင်းလိုက်ပါလာသူ ကျား(၇)ဦး မ(၈)ဦး ပေါင်း(၁၅)ဦးအနက် မအောင်မေသင်း၊ မအေးသန်းမြင်၊့ မခင်မေသန်း၊ မစန္ဒာနွေတို့ ၄ဦးမှာ ရေနစ် သေဆုံးသွားပြီး ကလေး ၂ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကာ ကျန် ၉ ဦးအား ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ကယ်တင်ထားကြောင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly