မက္ကဆီကိုတွင် ပျောက်ဆုံးကျောင်းသားများကို ရှာဖွေရာ သချိုင်းမြေပုံ ၆၀ ကိုတူးဖော်တွေ့ရှိ

မက္ကဆီကိုတွင် ပျောက်ဆုံးကျောင်းသားများကို ရှာဖွေရာ သချိုင်းမြေပုံ ၆၀ ကိုတူးဖော်တွေ့ရှိ

မက္ကဆီကိုနိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အတင်းဖမ်းဆီးခံရရာမှ ပျောက်ဆုံးလျက်ရှိနေသည့် ကျောင်းသား ၄၃ ဦးအား ရှာဖွေရေးလုပ်ငန်းအတွင်း တောင်ပိုင်းပြည်နယ် ဂူရီရိုမြို့အတွင်း လူသေလောင်းမြေပုံ ၆၀ ကို တွေ့ရှိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

ယင်းသချိုင်းမြေပုံများမှ တူးဖော်တွေ့ရှိသည့် ရုပ်အလောင်းပေါင်း ၁၂၉ ခုရှိကြောင်း ရှေ့နေချုပ်ရုံးက ထုတ်ပြန်သည်။

တွေ့ရှိရုပ်အလောင်းများမှာ အီဂူယာလာအရပ်တွင် ပျောက်ဆုံးသွားသည့် ကျောင်းသားများနှင့် ဆက်စပ်မှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်အရ တွေ့ရှိရုပ်အလောင်းများတွင် ၁၁၂ လောင်းမှာ အမျိုးသားအလောင်းများဖြစ်ပြီး ၂၀ မှာ အမျိုးသမီးအလောင်းများဖြစ်၍ ကျန်အလောင်းများကို မစစ်ဆေးနိုင်သေးကြောင်း ဖော်ပြထားသည်။

ဆန္ဒပြမှုအတွင်း ဖမ်းဆီးခံရသည့် ကျောင်းသားများကို ရဲက မူးယစ်ဂိုဏ်းများသို့ လက်လွဲပေးခဲ့ပြီး ၎င်းကျောင်းသား ၄၃ ဦးအား လူဆိုးဂိုဏ်းက သတ်ပစ်သည်ဟု သတင်းများထွက်ပေါ် ခဲ့ပြီး နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

အဆိုပါ ကျောင်းသား ၄၃ ဦး ပျောက်ဆုံးနေခြင်းအတွက် ရှာဖွေရေးများ လုပ်ဆောင်စဉ် ယခု သချိုင်းမြေပုံ ၆၀ ကို တူးဖော်တွေ့ရှိခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly