မန္တလေးမြို့တော် မဟာသင်္ကြန်လိုဂိုပြိုင်ပွဲ ဆုငွေ ကျပ်ဆယ်သိန်း ချီးမြှင့်မည်

မန္တလေးမြို့တော် မဟာသင်္ကြန်လိုဂိုပြိုင်ပွဲ ဆုငွေ ကျပ်ဆယ်သိန်း ချီးမြှင့်မည်

မန္တလေး၊ မတ်လ ၁၇ ။         ။ ကျပ် ၁၀ သိန်းချီးမြှင့်မည့် မန္တလေးမြို့တော် မဟာသင်္ကြန် အထိမ်းအမှတ် လိုဂိုပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေး သင်္ကေတအငွေ့အသက်တွေ ပါ၀င်ရန်လိုအပ်ကြောင်း သိရသည်။

မန္တလေးမြို့တော် မဟာသင်္ကြန် အထိမ်းအမှတ် လိုဂိုပြိုင်ပွဲတွင် မန္တလေးမြို့တော်သင်္ကေတ၊ သင်္ကြန် သင်္ကေတ နှင့် ပျော်ရွှင်မှုသင်္ကေတ ထည့်သွင်းရေးဆွဲထားသည့် လိုဂိုများဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါ လိုဂိုပြိုင်ပွဲတွင် လူတစ်ဦး (သို့) အဖွဲ့တစ်ခုလျှင် လိုဂို ၃ ခုအထိ ထည့်သွင်းယှဉ်ပြိုင်ခွင့် ပြုထားသည်။

မန္တလေးသင်္ကြန်ပွဲကို နှစ်စဉ် ပြည်တွင်း သာမက ပြည်ပခရီးသွားများ လာရောက်အောင် ဆွဲဆောင်သည့် သင်္ကြန်ပွဲတော်အတွင်း တီးဝိုင်းများ၊ ဖျော်ဖြေရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများတွင် အသုံးပြုနိုင်မည် လိုဂိုတစ်ခု ရှိရန် လိုအပ်နေခြင်းကြောင့် ပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လိုဂိုပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်လိုသော လိုဂိုများသည် (၁) မူပိုင်ရေးဆွဲထားခြင်းဖြစ်ရမည် (၂) မန္တလေးမြို့တော် မဟာသင်္ကြန်ကျင်းပသည့် အဖွဲ့က မူပိုင်အဖြစ် လိုအပ်သည့်အခါ လိုအပ်သည့် နေရာတိုင်းတွင် အသုံးပြုမည် (၃) ယှဉ်ပြိုင်လာပါသော လိုဂိုများအနက် သင့်လျော်သည်ဟု ယူဆနိုင်သော လိုဂိုမပါရှိပါက ရွေးချယ်မှု မပြုဘဲ ထားမည်ဖြစ်သည် ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ မတ်လ ၁၇ ရက်နေ့က ကြေညာချက်တွင် ဖော်ပြထားသည်။

မန္တလေးမြို့တော် မဟာသင်္ကြန် အထိမ်းအမှတ် လိုဂိုပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်လိုသူများအနေဖြင့် ပြိုင်ပွဲဝင် လိုဂိုများကို မတ်လ ၂၄ ရက် နောက်ဆုံးထား၍ [email protected] သို့ ပေးပို့ရမည်ဖြစ်သည်။

ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ယှဉ်ပြိုင်သည့် လိုဂိုများအနက် ၅ ခုကို ပဏာမအဖြစ် ရွေးချယ်ကာ အသင့်လျော်ဆုံး တစ်ခုကို ရွေးချယ်အသုံးပြုမည်ဖြစ်ပြီး ရွေးချယ်ခံရသော လိုဂိုကို ငွေကျပ် ၁၀ သိန်း ချီးမြှင့်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly