ယင်းမာပင်၌ အ​မေရေယာဉ်ပွဲ စည်​ကား

ယင်းမာပင်၌ အ​မေရေယာဉ်ပွဲ စည်​ကား

ယင်​းမာပင်​​၊ မတ်​လ ၁၇ ။           ။ စစ်​ကိုင်​းတိုင်​း​ဒေသကြီး၊ ယင်​းမာပင်​မြို့နယ်​၊ ဇီး​တောကျေးရွာ၌ နှစ်​စဉ်​ကျင်​းပပြုလုပ်​​သော အ​မေကြီးပွဲ​(​ခေါ်)အ​မေ​ရေယာဉ်​နတ်​ပွဲမှာ လာရောက်သူများနှင့် စည်​ကားလျက်​ရှိကြောင်း သိရသည်​။

ပွဲကို တ​ပေါင်​းလပြည်​့​ကျော်​( ၁)ရက်​ ​နေ့မှ (၈)ရက်​​နေ့အထိ ကျင်​းပပြီး အနယ်​နယ်​အရပ်​ရပ်​မှ ယုံကြည်​သူများလာ​ရောက်​ကြ​ကြောင်​း ပွဲဖြစ်​​မြောက်​​ရေ​း​ကော်​မတီထံမှသိရသည်​။

“လပြည်​့​ကျော်​ ၄ ရက်​က​နေ ရ ရက်​​နေ့အထိက​တော့ အစည်​ဆုံး​ပဲ ” ဟု ပွဲဖြစ်​​မြောက်​​ရေး​ကော်​မတီအဖွဲ့ဝင်​ ဦးမြင့်သန်​းက မဇ္စျိမသို့​ ပြောသည်​။

ပွဲ​စျေးမှာ ဧက ၃၀ ​ကျော်​ ကျယ်​ဝန်​းပြီး ဆိုင်​ခန်​း​ပေါင်​း ၁၅၀၀ ကျော်​လာ​ရောက်​ဖွင်​့လှစ်​​ရောင်​းချလျက်​ရှိ​ကြောင်​း သိရကာ ဆယ်​့နှစ်​ပွဲ​စျေးသည်​များမှာ တ​ပေါင်း​လဆန်း ၁၀ ရက်မှ စတင်ရောက်ရှိကြကြောင်း သိရသည်။

“အိုးပုတ်​၊ ချိုးရုပ်​ဆိုတာ ပွဲ​စျေး​တွေမှရ​တော​့ က​လေး​တွေက လိုချင်​ကြတယ်​​လေ။ အဲ​တော့ အ​ရောင်​းအဝယ်​အဆင်​​ပြေပါတယ်​” ဟု ဆားလင်းကြီးမြို့နယ်​မှ မြန်​မာ့ရိုးရာကစားစရာအရုပ်​များလာ​ရောက်​​ရောင်​းချ​သော ကိုဟန်​​ဇော်​ဝင်​းက ပြောသည်​။

အ​မေရေယဉ်ပွဲသို့ လာ​ရောက်​ကြ​သော ကား၊ ဆိုင်​ကယ်​များ​ကြောင်​့ ယင်​းမာပင်​မြို့မှ ဇီး​တောအထိလမ်​းပိုင်​းမှာ ယာဉ်​​ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ အ​မေကြီးပွဲအား ယင်​းမာပင်​မြို့နယ်​ရဲတပ်​ဖွဲ့မှ အတွင်​း စည်​းလုံခြံု​ရေးနှင်​့အပြင်​စည်​းလုံခြံု​ရေး​ပေး၍ ​ဆောင်​ရွက်​လျက်​ရှိ​ကြောင်​း ရဲအုပ်​ကိုတင်​​မောင်​လတ်​က ဆိုသည်​။​

လူအများ စည်ကားစွာ လာရောက်ကြ၍ ယင်​းမာပင်​မြို့နယ်​​ ကျေးလက်​ကျန်​းမာ​ရေးဌာနမှလည်​း ​အ​ရေး​ပေါ်​ဆေး​ပေးခန်​းတစ်​ခု ပွဲ​စျေးခင်​းအတွင်​း ဖွင်​့လှစ်​​ထားသည်။

အ​မေ​ရေယာဉ်​နတ်​ပွဲသည်​ ပုဂံ​ခေတ်​အ​လောင်​းစည်​သူမင်း​လက်​ထပ်​မှစ၍ ဘိုးဘွားစဉ်​ဆက်​ ယုံကြည်​ဆက်​သကြ​သော ပွဲတစ်​ခုဖြစ်​​ကြောင်​းသိရသည်​။

​“ ရိုးရာအ​နေနဲ့ ဘိုးဘွားစဉ်​ဆက်​လာ​ရောက်​ ဆက်​သကြတာဆို​တော့ နှစ်​စဉ်​လိုလိုလာ​ရောက်​ဖြစ်​ပါတယ်​” ဟု​ ​ရေစကြိုမြို့နယ်​မှ နတ်​ပွဲလာ​ရောက်​ဆက်​သသူ ဦးပြူးက ဆိုသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly