ဗြိတိန်မှ Big Weeknd ဂီတပွဲတော်သို့ လာရောက်ဖျော်ဖြေမည့် ကေတီပယ်ရီ

ဗြိတိန်မှ Big Weeknd ဂီတပွဲတော်သို့ လာရောက်ဖျော်ဖြေမည့် ကေတီပယ်ရီ

ဘီဘီစီ၏ Radio 1 မှ ကြီးမှူးကျင်းပသည့် ဗြိတိန်အတွင်းရှိ မတူညီသောမြို့များတွင် နှစ်စဉ်ကျင်းပလေ့ရှိသော Big Weekend ဂီတပွဲတော်သို့ နာမည်ကျော်အဆိုတော် ကေတီပယ်ရီက အဓိကအဆိုရှင်အဖြစ် လာရောက် ဖျော်ဖြေမည်ဖြစ်သည်။

လာမည့် မေလ ၂၇ နှင့် ၂၈ ရက်နေ့တို့တွင် ဗြိတိန်ရှိ ကင်စတန်အပ်အွန်ဟားလ်မြို့၌ ကျင်းပမည်ဖြစ်သော အဆိုပါပွဲတော်သို့ နာမည်ကျော် မိန်းကလေးဂီတအဖွဲ့ Little Mix ၊ ရော့ခ်ဂီတအဖွဲ့ Kings of Leon နှင့် ဟစ်ဟော့အဆိုတော် Stormzy တို့လည်း ပါ၀င်ဖျော်ဖြေမည်ဖြစ်သည်။

ပြီးခဲ့သော၂၀၁၄ ခုနှစ်တွင် ဂလက်စ်ဂိုးမြို့၌ ကျင်းပခဲ့သော Big Weekend ဂီတပွဲတော်၌ ဖျော်ဖြေခဲ့ဖူးသည့် ကေတီပယ်ရီသည် ယခုနှစ် မေလတွင်လည်း ဖျော်ဖြေဦးမည်ဆိုသော သတင်းအား Breakfast Show အစီအစဉ်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ကေတီက Radio 1 မှ ကြီးမှူးကျင်းပသော Big Weekend ဂီတပွဲတော်သည် ပျော်ရွှင်စရာကောင်းကြောင်းနှင့် သူမသည် မယုံကြည်နိုင်လောက်သော ဂီတအဆိုအကျော်အမော်များနှင့် ဟားလ်မြို့တွင် အတူဖျော်ဖြေရမည် ကို ၀မ်းသာကြောင်းပြောခဲ့သည်။

Big Weekend ဂီတပွဲတော်ကျင်းပလာသည်မှာ ၁၄ နှစ်ခန့်ရှိပြီဖြစ်ပြီး ဥရောပ၌ အကြီးမားဆုံးသော လက်မှတ် အလကားရသည့် ဂီတပွဲတော်ဖြစ်ကာ ပရိသတ်များ ၅၀၀၀၀ ကျော်ခန့် လာရောက်ဆင်နွှဲမည်ဖြစ်ကြောင်း သိရ သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly