ပါရီရှိ IMF ရုံးချုပ်မှာ ပါဆယ်ဗုံးပေါက်ကွဲ

ပါရီရှိ IMF ရုံးချုပ်မှာ ပါဆယ်ဗုံးပေါက်ကွဲ

ပါရီ၊ မတ် ၁၇ ။             ။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရုံးချုပ်မှာ ပါဆယ်ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်တာကြောင့် လူတစ်ဦး အနည်းငယ် ဒဏ်ရာရကြောင်း လုံခြံုရေးရင်းမြစ်က ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူမှာ အမျိုးသမီး အတွင်းဝန်တစ်ဦးဖြစ်ပြီး စာအိတ်ကို ဖွင့်ဖောက်ချိန် ပေါက်ကွဲမှုဖြစ်တာကြောင့် လက်မောင်းနဲ့ မျက်နှာတို့မှာ ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ပေါက်ကွဲမှုဖြစ်ရာသို့ လာရောက်ကြည့်ရှုတဲ့ ပါရီရဲတပ်ဖွဲ့ အကြီးအကဲ မီချယ်ကာဒေါ့က ပြောပါတယ်။

အဆိုပါ ပါဆယ်ထုပ်မှာ IMF ရဲ့ ဥရောပရုံးအကြီးအကဲ ဂျက်ဖရီဖရန့်ထံ လိပ်မူထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

ထိခိုက်မှုဖြစ်တဲ့ အတွင်းဝန်အနေနဲ့ အန္တရာယ်မရှိဘဲ ဒဏ်ရာရရှိမှုမှာ သေးငယ်ကြောင်း မီချယ်ကာဒေါ့က ပြောပါတယ်။

စာတိုက်မှ တစ်ဆင့်ရောက်လာသည့် ယခုပါဆယ်စာအိတ်မှာ မီးအိုးဗြောက်အိုးပုံစံမျိုး ပေါက်ကွဲပစ္စည်း ထည့်သွင်းကာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

ပေါက်ကွဲမှု ဖြစ်ချိန်မှာ ရုံးခန်းအတွင်း လူသုံးဦးသာ ရှိနေခဲ့တယ်လို့ သိရပါတယ်။

အထူးလုံခြံုရေးတပ်ဖွဲ့နဲ့ ရဲဌာနတို့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်လျက်ရှိနေပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့ရာ အဆောက်အအုံဟာ IMF နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးတွဲရုံးဖွင့်ထားရာဖြစ်ပြီး ရဲဌာနက လုံခြံုရေးပတ်လည် ချထားလိုက်ပြီလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly