ပြင်သစ်က ကျောင်းတစ်ကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်

ပြင်သစ်က ကျောင်းတစ်ကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်

ပါရီ၊ မတ် ၁၇ ။                ။  ပြင်သစ်နိုင်ငံမှာ ရူးနှမ်းနှမ်း လုပ်ရပ်ဖြစ်ဟန်ရှိတဲ့ ဆယ်ကျော်သက်တစ်ဦးက စာသင်ကျောင်းအတွင်း သေနတ်ဝင်ရောက်ပစ်ခတ်တာကြောင့် ကျောင်းသားသုံးဦးနဲ့ ကျောင်းအုပ်တစ်ဦးတို့ ဒဏ်ရာရကြောင်း ပညာရေးဝန်ကြီးက ဆိုပါတယ်။

ဂရာစေးအရပ်က တော့ကာဗေးအထက်တန်းကျောင်းမှာ ဒေသစံတော်ချိန် ၁၂ နာရီ မိနစ် ၄၀ မှာ အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်က ၀င်ရောက်ပစ်ခတ်တာဖြစ်ပါတယ်။

ကြောက်လန့်တကြား ၀ရုန်းသုန်းကား ပြေးလွှားမှုတွေကြောင့် လူတော်တော်များများ အနာတရဖြစ်ပါတယ်။

အကြမ်းဖက်ချေမှုန်းရေးကွန်မင်ဒိုတပ်ဖွဲ့က ပစ်ခတ်မှုဖြစ်ရာ ကျောင်းကို ချက်ချင်းဆိုသလို ရောက်ပြီး ယင်းလူငယ်ကို ဖမ်းလိုက်နိုင်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး အချိန်အနည်းငယ်မှာပဲ ယင်းလူငယ်ကို ဖမ်းလိုက်နိုင်တာပါ။ ၎င်းလူငယ်မှာ ရိုင်ဖယ်တစ်လက်၊ ပစ္စတိုနှစ်လက်နဲ့ လက်ပစ်ဗုံးနှစ်လုံး ပါလာကြောင်း သိရပါတယ်။

“သေနတ်တွေအပေါ် စွဲလမ်းတဲ့ လူငယ်တစ်ယောက်ရဲ့ ရူးကြောင်ကြောင် လုပ်ရပ်ပါပဲ။”လို့ ပညာရေးဝန်ကြီးအမျိုးသမီးဖြစ်သူ နာဂျက်ဗယ်လော့က သတင်းထောက်များကို ပြောပြီး ပစ်ခတ်မှုဖြစ်ချိန်မှာ ကျောင်းအုပ်ဖြစ်သူရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကိုလည်း ချီးကျုးပြောဆိုပါတယ်။

ကျောင်းအုပ်က သေနတ်သမားလူငယ်ကို ဖြောင်းဖျဖို့ ကြိုးပမ်းချဉ်းကပ်ခဲ့တယ်လို့့ ၎င်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly