ဒူတာတေးအား ရာဇဝတ်မှုများစွာဖြင့် လွှတ်တော်တွင် ပထမဆုံးစွဲချက်တင်

ဒူတာတေးအား ရာဇဝတ်မှုများစွာဖြင့် လွှတ်တော်တွင် ပထမဆုံးစွဲချက်တင်

မနီလာ၊ မတ် ၁၇ ။                   ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို လူသတ်မှုများ၊ ဖွဲ့စည်းပုံဥပဒေချိုးဖောက်မှု၊ ပြည်သူတို့ ယုံကြည်ချက်အပေါ် သစ္စာဖောက်မှု၊ လာဘ်စားမှုနဲ့ အခြားရာဇဝတ်မှုတွေနဲ့ အတိုက်အခံအမတ်တစ်ဦးက လွှတ်တော်မှာ မတ် ၁၆ ရက်က ပထမဆုံးအဖြစ် စွပ်စွဲလိုက်ပါတယ်။

ဒူတာတေးအပေါ် စွဲဆိုချက်ကို ဖိလစ်ပိုင် အောက်လွှတ်တော်မှာ အတိုက်အခံအမတ် ဂါရီအလီဂျာနိုက အဆိုတင်လိုက်တာဖြစ်ပြီး နောက်ပိုင်း မီဒီယာကို ချပြခဲ့တာဖြစ်ပါတယ်။

အလီဂျာနိုရဲ့ စွဲဆိုချက်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကုန်လောက်မှာ ရာထူးစတင်ထမ်းဆောင်တဲ့ လက်ရှိသမ္မတဖြစ်သူ ဒူတာတေးအတွက် ပထမဆုံးဆန့်ကျင်တဲ့ စွပ်စွဲချက်လည်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီအဆိုဟာ လွှတ်တော်အမတ် ၂၉၂ ဦးရှိရာမှာ လူကြိုက်များနေဆဲ ဒူတာတေးရဲ့ မိတ်ဖက်အမတ်ဦးရေ ၂၆၇ ဦး ရှိတဲ့ လွှတ်တော်မှာ အဆိုအောင်ဖို့ရာက ဖြစ်နိုင်ဖွယ် မရှိပါဘူး။

ဒူတာတေးရဲ့ လုပ်ဆောင်ချက်တွေနဲ့ အပြုအမှုတွေဟာ စွပ်စွဲပြစ်တင်ဖို့ လုံလောက်ကြောင်း အလီဂျာနိုက ဆိုပါတယ်။

စွပ်စွဲထားတဲ့ ရာဇဝတ်မြောက် ပြစ်မှုတွေမှာ ဒူတာတေး မြို့တော်ဝန် ဘဝက ဒါဗာအိုသုတ်သင်ရေးတပ်ဖွဲ့ ဖွဲ့စည်းခြင်းအပြင် မူးယစ်နှိမ်နှင်းရေးစစ်ပွဲအတွင်း လူပေါင်း ရ၀၀၀ ကျော်ထက်မနည်း သေဆုံးရခြင်းတွေလည်း ပါဝင်ပါတယ်။

ခု စွပ်စွဲချက်အဆိုကို မေလမှာ ပြန်လည်စတင်မှာဖြစ်တဲ့ အောက်လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးရန် သင့်မသင့်ကို ကော်မတီတစ်ရပ်ရဲ့ စိစစ်မှုကို ခံယူရဦးမှာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly