နည်းပြ ကရန်ကာကို မစ်ဒယ်ဘရော့အသင်း ရာထူးမှ ထုတ်ပယ်

နည်းပြ ကရန်ကာကို မစ်ဒယ်ဘရော့အသင်း ရာထူးမှ ထုတ်ပယ်

နည်းပြ ကာရန်ကာဟာ မစ်ဒယ်ဘရော့အသင်းကို ၃နှစ်ခွဲကိုင်တွယ်ပြီးနောက် အသင်းက နည်းပြရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ်ရှိ စပိန်လူမျိုးနည်းပြဟာ ထွက်ခွာသွားမှာဖြစ်တယ်လို့ အတည်ပြုကြောင်း ကလပ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ယခင်ရီးယဲလ် လက်ထောက်နည်းပြဟောင်းဖြစ်ခဲ့သူ ကာရန်ကာဟာ မစ်ဒယ်ဘရော့အသင်းကို ၂၀၁၃ ခုနှစ်က စတင်ကိုင်တွယ်ခဲ့ပြီး အသင်းရဲ့ ပထမဆုံးသော ဗြိတိန်မဟုတ်တဲ့ နည်းပြလည်းဖြစ်ပါတယ်။

သူဟာ မစ်ဒယ်ဘရော့အသင်းကို ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့ပေမယ့် တန်းဆင်းဇုန်ထဲ ရောက်နေခဲ့တာကြောင့် ရာထူူးမှ ထုတ်ပယ်ခံရတာဖြစ်ပါတယ်။

မစ်ဒယ်ဘရော့အသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၁၀ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး လက်ရှိ အမှတ်ဇယားမှာ ၂၂ မှတ်နဲ့ အဆင့် ၁၉ နေရာ တန်းဆင်းဇုန်ထဲရှိနေပြီး ဇယားဦးဆောင်သူ ချယ်လ်ဆီးနဲ့ ၄၄ မှတ်အထိ ကွာဟနေပါတယ်။

မစ်ဒယ်ဘရော့အသင်းက ကာရန်ကာရဲ့ လက်ထောက်နည်းပြ စတိဗအက်နယူးကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။

လက်စတာအသင်းရဲ့ နည်းပြဟောင်း ပီယာဆန်က မစ်ဒယ်ဘရော့ရဲ့ အမြဲတမ်းနည်းပြဖြစ်လာရန် ရေပန်းစားနေတယ်လို့ သိရပါတယ်။

Ref; EFE_EPA, BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly