နယ်သာလန်ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ပါတီအနိုင်ရနေ၍ အီးယူက ဂုဏ်ပြု

နယ်သာလန်ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ပါတီအနိုင်ရနေ၍ အီးယူက ဂုဏ်ပြု

အမ်စတာဒမ်၊ မတ် ၁၆ ။           ။ နယ်သာလန်နိုင်ငံက ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် မတ်ရုခ်ရဲ့ ဗဟိုလက်ယာ VVD ပါတီက အနိုင်ဦးဆောင်နေရာ အီးယူခေါင်းဆောင်တွေက ကြိုဆိုဂုဏ်ပြုလိုက်ကြပါတယ်။

လစ်ဘရယ်ဝါဒီ ဝန်ကြီးချုပ် မတ်ရုခ်ရဲ့ ယခုအောင်မြင်မှုဟာ “ဥရောပအတွက် မဲ၊ အစွန်းရောက်ဆန့်ကျင်တဲ့ မဲ”အဖြစ် အီးယူက ဂုဏ်ပြုလိုက်တာဖြစ်ပါတယ်။

ဝန်ကြီးချုပ်အဖြစ် တတိယသက်တမ်း ထမ်းဆောင်ဖို့ ကျိန်းသေသလောက် ရှိနေတဲ့ မတ် ၁၅ ရက် ရွေးကောက်ပွဲ မဲအနိုင်ရမှုကို ဝန်ကြီးချုပ် မတ်ရုခ်က နယ်သာလန်ပြည်သူတွေဟာ “လမ်းမှားကို သွေဖည်လိုက်နိုင်တာပါ”လို့ ပြောခဲ့ပါတယ်။

နေရာနှစ်နေရာကလွဲပြီး မဲအလုံးစုံရေတွက် ပြီးစီးချိန်မှာ VVD ပါတီအနေနဲ့ ရွှေ့ပြောင်းဝင်ရောက်သူများကို ဆန့်ကျင်တဲ့ ဝိုင်းဒါးစ်ဦးဆောင်သော Freedom ပါတီကို အလွယ်တကူ အနိုင်ရနေပြီဖြစ်ပါတယ်။

နယ်သာလန်ရွေးကောက်ပွဲအပြီး ယခုနှစ်အတွင်းမှာပဲ ပြင်သစ်နဲ့ ဂျာမနီတို့မှာလည်း ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေပါတယ်။

နယ်သာလန်မှာ ဝိုင်းဒါးစ်ပါတီ အရေးနိမ့်ခြင်းက လက်ရှိဥရောပမှာ ခေါင်းထောင်နေတဲ့ အမျိုးသားရေးပါတီတွေရဲ့ ထောက်ခံမှုအပေါ် စမ်းသပ်လိုက်ခြင်းလည်း ဖြစ်ပုံရပါတယ်။

ဝိုင်းဒါးစ်ဟာ မျိုးချစ်စိတ်ကို ကြွေးကြော်ပြီး ကိုအာန်ကျမ်းကို ပိတ်ပင်ကာ အစ္စလာမ်ရွှေ့ပြောင်းသူများ ဝင်ရောက်ခြင်းကိုလည်း ရပ်တန့်ပစ်မယ်လို့ လှုံ့ဆော်ထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly