အောင်မြင်မှုဆိုတာ ပရိသတ်ရဲ့ အားပေးမှုပါဆိုတဲ့ တင်ဇာမော်

အောင်မြင်မှုဆိုတာ ပရိသတ်ရဲ့ အားပေးမှုပါဆိုတဲ့ တင်ဇာမော်

အစ်မ မင်္ဂလာပါ။

TZM_ မင်္ဂလာပါ။

 ဟုတ်ကဲ့၊ အစ်မကို YOPE အစီအစဉ်မှာ တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်။ အစ်မကို YOPE ကနေ မေးခွန်းငါးခု မေးပါမယ်။

ဟုတ်ကဲ့ပါ။

ဟုတ်ကဲ့ နံပါတ် ၁  မေးခွန်းက အစ်မက အရင်က ဂီတလောကမှာ အောင်မြင်ခဲ့တယ်။ အခုနောက်တစ်ကြိမ် ပြန်ရောက်လာတော့လည်း အစ်မသီချင်းတွေကို လူကြီးတွေရော၊ လူငယ်တွေရော စိတ်ဝင်စားလာကြတယ်ပေါ့။ ဥပမာ ဧည့်သည် သီချင်းမျိုးတွေပေါ့ ။ အဲ့ဒီလို အစ်မသီချင်းတွေကို ပရိသတ်က အားပေးမှုရအောင် ပြီးတော့ အောင်မြင်မှုတွေကို ဘယ်လိုထိန်းထားနိုင်ခဲ့တာလဲ။

TZM_ အစ်မက အောင်မြင်မှုကို ထိန်းထားတယ်ဆိုတာတော့မလုပ်ပါဘူး။ ရှိလည်းမရှိဘူး၊ အစ်မ ဘဝမှာ။ အစ်မက သီချင်းဆိုချင်တဲ့ ပြဿနာပေါ့။ အစ်မက သီချင်းဆိုတာကို အရမ်းဝါသနာပါတယ်။ အဲ့ဒီအတွက်ကြောင့် သီချင်းဆိုတယ် ဆိုမယ် အမြဲတမ်း ဆိုဖို့ ကြိုးစားနေတယ်။ အဲ့ဒီအပေါ်မှာ အစ်မဆိုချင်တဲ့ သီချင်းတွေကို အစ်မကြိုးစားပြီး အကောင်းဆုံးဖြစ်အောင်အမြဲတမ်းဆိုတယ်။ ပီးတော့ ပရိသတ်ဆီကို ရောက်အောင်ပို့တယ်။ ဆိုတော့ အဲ့ဒီမှာ ပရိသတ်က နားထောင်ပြီးတော့အစ်မကို အားပေးတယ်။ အစ်မရဲ့ အနုပညာအပေါ်မှာ သူတို့သီချင်းတွေကိုကြိုက်ကြတယ်ပေါ့နော်။ အစ်မပြန်ရတဲ့ ရလဒ်လို့ အစ်မက ခံယူပါတယ်။

 နံပါတ် ၂ မေးခွန်းပါ အစ်မ။ ဟုတ် နံပါတ် ၂ မေးခွန်းက အစ်မဟာ မိခင်တစ်ယောက်အနေနဲ့ ကလေးတွေကို စောင့်ရှောက်တဲ့ အခါမှာ တစ်နေ့တာ အကျေနပ်ဆုံးအရာက ဘာဖြစ်မလဲ အစ်မ။

TZM_ သူတို့ထမင်းစားလို့ ဝသွားပြီးတော့  အိပ်ပျော်သွားတဲ့ မောပြီး ကစားပြီးတော့မောပြီးတော့ နောက်ဆုံး အိပ်ပျော်သွားတဲ့အချိန်လေးမှာသူတို့ထမင်းစားလို့ ဝသွားပြီးတော့သူတို့ကို ကြည့်ပြီးတော့ အစ်မက အရမ်းကျေနပ် ပီတိဖြစ်မိပါတယ်။

 မေးခွန်း နံပါတ် ၃ ကတော့ အစ်မသာ နံပါတ်တစ်ခုကို ပိုင်ဆိုင်ရမယ်ဆိုရင်ဘယ်လိုမျိုးနံပါတ်ကို ပိုင်ဆိုင်ချင်လဲ အစ်မ။

TZM ရ။ အစ်မက ရ ရက်နေ့မှာ မွေးပါတယ်။ အစ်မသမီးလေးလည်း ရ ရက်နေ့မှာ မွေးပါတယ်။ ဆိုတဲ့အခါကျတော့ ရ ဂဏန်းကို နဂိုကတည်းက အစ်မကြိုက်တာပါ။ ရ ရက်သားသမီး နောက် အများသူငါလည်း Lucky 7 လို့ သတ်မှတ်ကြတယ်။ နောက် အစ်မသမီးလေးမွေးတာလည်း ရ ရက်နေ့ဖြစ်တယ်ဆိုတော့ အစ်မ ရ ကို ကြိုက်တာပါ။

ဟုတ် နံပါတ် ၄ မေးခွန်းအနေနဲ့ အစ်မဟာ လူငယ်အမျိုးသမီးအဆိုတော်တစ်ယောက်ဘဝနဲ့ ကျင်လည်ခဲ့တုန်းက မမေ့နိုင်တဲ့ ခွဲခြားဆက်ဆံမှုက ဘယ်လိုမျိုးတွေ ရှိမလဲ အစ်မ။

TZM_ မရှိပါဘူး၊ ဒါပေမယ့် အပျော်သဘောနဲ့ပြောမယ်ဆိုရင်တော့ ရပါတယ်။ ကလေးဘဝတုန်းက လူငယ်ဘဝတုန်းကပေါ့နော်။ နိုင်ငံခြားခရီးတွေ သွားကြမယ်ဆိုရင် ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေ အပေါင်းအသင်းတွေလုပ်ဖော်ကိုင်ဖက်တွေ ပါတာပေ့ါ။ အဲ့ဒီတော့ ညဘက်တွေဘာတွေ ထွက်ကြမယ် ၊ ပြုကြမယ်ဆိုရင် သွား နင်တို့ မိန်းကလေးတွေ လိုက်လို့မရဘူး။ အဲ့လိုမျိုး ပြောလေ့ပြောထတော့ ရှိပါတယ် ။ အပျော်ပေါ့နော် ။ ဒါကတော့ မြန်မာမိန်းကလေးတွေလည်း ဖြစ်လို့ပါဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။  ဒီလောက်ပါပဲ။ တခြားတော့ ဘာမှပြဿနာကြီးကြီးမားမား မရှိဖူးပါဘူး။ ဘယ်သူကမှလည်း အစ်မကို ခွဲခြားပြီး ဆက်ဆံတာမျိုးလည်း မကြံုဖူးပါဘူး။

 နံပါတ် ၅ မေးခွန်း နောက်ဆုံးမေးခွန်းပါ အစ်မ။ လက်ရှိ တင်ဇာမော်အနေနဲ့ မဟုတ်ဘဲနဲ့ အရင်က ဂီတလောကထဲကို စဝင်ခဲ့တဲ့ တင်ဇာမော်က IDOL Section 2 မှာဝင်ပြိုင်ရမယ်ဆိုရင် အစ်မ Winner ဖြစ်မယ်လို့ ထင်လား။

TZM_ အဲ့ဒါကတော့ ပြောရတာတော့ သိပ်ခက်ပါတယ်။ အစ်မတို့ တစ်ရက်တည်း ပြိုင်ခဲ့ရတာတောင်မှ အစ်မက ပထမရမယ်လို့ ကိုယ့်ကို မမျှော်မှန်းရဲတဲ့အပြင် ကြောက်လို့ မပြိုင်တော့ဘူးဆိုပြီးတော့ ထွက်ပြေးခဲ့ပါတယ်။ အဲ့ဒီတော့ အခုလိုမျိုး Myanmar Idol လိုမျိုး ပြိုင်ပွဲကြီးက ပိုပြီတော့  ကြီးလည်းကြီးကျယ်တယ် ။ ခက်လည်းခက်ခဲတယ် ။ ရှည်လည်းရှည်လျားပါတယ်။ ကလေးတွေအတွက်လည်း ပင်ပန်းလွန်းလှပါတယ် ၊သူတို့အတွက်လေ။ အစ်မကိုယ်တိုင်လည်း သူတို့ကို ကိုယ်ချင်းစာနိုင်တယ်။ တစ်ရက်တည်း တစ်ကြိမ်တည်း ပြိုင်ရတာတောင်မှ အဲ့ဒီလောက် အစ်မကြောက်ခဲ့ရင် အခုလိုအနေအထားမျိုးမှာဆိုရင် အစ်မက အိမ်မက်မမက်ဝံ့ပါဘူး။ ပထမ ငါရမှာကျိန်းသေပေါက်လို့ အစ်မက တွေးလဲတွေးရဲမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ အစ်မ အတတ်နိုင်ဆုံးတော့ ကြိုးစားနေမှာပါ။ အစ်မသာ သူတို့ဖြစ်မယ်ဆိုရင်တော့ မလျော့သော ဇွဲလုံ့လနဲ့ပေါ့နော် အစ်မမှာရှိတဲ့ စွမ်းရည်တွေကို ထုတ်ပြနိုင်ဖို့အတွက် အပတ်စဉ် အစ်မ ကြိုးစားနေမိမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly