အယ်ပဲလ်အတုထုတ်လုပ်ကာ နိုင်ငံခြားသို့ တင်ပို့နေသည့် စက်ရုံကို တရုတ်နိုင်ငံ တွင်းဖော်ထုတ် ဖမ်းဆီး

အယ်ပဲလ်အတုထုတ်လုပ်ကာ နိုင်ငံခြားသို့ တင်ပို့နေသည့် စက်ရုံကို တရုတ်နိုင်ငံ တွင်းဖော်ထုတ် ဖမ်းဆီး

အယ်ပဲလ်အိုင်ဖုန်းအတုများ ၄၁၀၀၀ ကျော် အတုထုတ်လုပ်သည့် စက်ရုံကို တရုတ်နိုင်ငံတွင်း ဖော်ထုတ်နိုင်ပြီး လူကိုးဦးကို ဖမ်းဆီးခဲ့သည်။

အဆိုပါ စီးနင်းဖမ်းဆီးမှုအတွင်း နိုင်ငံခြားတင်ပို့မည့် သုံးပြီးဆက်စပ်ပစ္စည်းများဖြင့် အသစ်ပြုလုပ်သည့် အယ်ပဲလ်လက်ကိုင်ဖုန်းများထုတ်လုပ်နေရာ ယင်းစက်ရုံတွင် အလုပ်သမား ရာကျော်လည်း အလုပ်လုပ်ကိုင်နေသည်ကို စီးနင်းဖမ်းဆီးမှုအတွင်း ဖော်ထုတ်နိုင်ခဲ့ပြီး ယင်းသို့ထုတ်လုပ်သည့် ဖုန်းအတုများသည် တန်ဖိုးအားဖြင့် ယွမ် သန်း၁၂၀ (အမေရိကန်ဒေါ်လာ ၁၉ သန်း) ရှိသည်။

ယင်းစက်ရုံကို ဖမ်းဆီးဖော်ထုတ်မှုသည် မေ ၁၄ ရက်က လုပ်ဆေညင်ခဲ့ခြင်းဖြစ်သော်လည်း ပေကျင်းပြည်သူ့လုံခြုံရေးဗျူရိုက ဇူလိုင် ၂၆ ရက်ကမှ လူမှုမီဒီယာတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြို့တော် ဆင်ခြင်ဖုံးပိုင်းတွင် ရှိသည့် စက်ရုံကို လင်မယားနှစ်ဦးနှင့် အပေါင်းအပါတစ်စုက တည်ထောင်ကာ ယခုကဲ့သို့ အယ်ပဲလ်အိုင်ဖုန်းတုများ ထုတ်လုပ်နေခြင်းဖြစ်ကြောင်း ပေကျင်း အာဏာပိုင် များကပြောသည်။

ဖုန်းအတုများကို ဖမ်းဆီးရမိနေခြင်းကြောင့် အမေရိကန်အာဏာပိုင်များ၏ သတိပေးချက်များကြောင့် ယခုစက်ရုံကို စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံကြားတွင် ကုန်စည်ပစ္စည်းတုများ စီးဝင်နေခြင်းကို တားဆီးရပ်တန့်ရေးအတွက် အမေရိကန်အာဏာပိုင်များနှင့် အတူလုပ်ဆောင်သွားရန် တရုတ်နိုင်ငံက သဘောတူထားသည်။

တရုတ်နိုင်ငံ ကူမင်းမြို့အတွင်း အယ်ပဲလ်စတိုးအတုကို ဖော်ထုတ်နိုင်ပြီး လေးနှစ်အကြာ ယခုစက်ရုံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly