ဒီမိုကရေစီစနစ်အပေါ် လေးစားမှုရှိဖို့ တရုတ်ကို ထိုင်ဝမ်တိုက်တွန်း

ဒီမိုကရေစီစနစ်အပေါ် လေးစားမှုရှိဖို့ တရုတ်ကို ထိုင်ဝမ်တိုက်တွန်း

မတ် ၁၆ ။           ။ မိမိတို့ရဲ့ ဒီမိုကရေစီစနစ်အပေါ် လေးစားမှုရှိသင့်တယ်ဆိုပြီး တရုတ်အစိုးရအာဏာပိုင်တွေကို ထိုင်ဝမ်က တိုက်တွန်းတောင်းဆိုလိုက်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

တရုတ်အာဏာပိုင်တွေအနေနဲ့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီအပေါ်မှာ လေးစားမှု ရှိရမှာဖြစ်သလို လက်ရှိဖြစ်တည်နေမှုအခြေအနေကို အသိအမှတ်ပြုပေးဖို့ လိုတယ်ဆိုပြီး ထိုင်ဝမ်တို့ဘက်က ထုတ်ပြန်တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။

ယခု တိုက်တွန်းချက်ကိုတော့  တရုတ်ပြည်မကြီးနဲ့ ဆက်ဆံရေးပိုင်းကို တာဝန်ယူထားရတဲ့ ထိုင်ဝမ်ပြည်ပရေးရာကောင်စီက မတ်လ ၁၆ ရက်မှာပဲ ထုတ်ပြန်သွားခဲ့တာဖြစ်ပါတယ်။

အလားတူ တရုတ်တို့အနေနဲ့ လက်ရှိကာလမှာ နိုင်ငံရေးအရ တင်းမာစေနိုင်မယ့် ကိစ္စတွေ မဖန်တီးပဲ နှစ်ဦးနှစ်ဘက်ဆက်ဆံရေးပိုင်းကို ပိုမိုပြေလည်စေရေးကိုသာ လုပ်ဆောင်သင့်တယ်လို့ ထိုင်ဝမ်တို့ဘက်က တိုက်တွန်းလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ လက်ရှိ တရုတ်တို့ရဲ့ စစ်ရေးပိုင်း တိုးမြင့်တည်ဆောက်လာနေမှုကို တန်ပြန်နိုင်ရေးအတွက် ရေဒါနဲ့ ဖမ်းရခက်တဲ့ နည်းပညာပါ လေယာဉ်တွေ၊   ဒေါင်လိုက်အတက်အဆင်း လုပ်လို့ရတဲ့ လေယာဉ်တွေကို ၀ယ်ယူသွားဖို့ ထိုင်ဝမ်စစ်တပ်က စီစဉ်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags