မီးဘေးကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်ဆိုင်များ စစ်ဆေး

မီးဘေးကြိုတင်ကာကွယ်ရေး စက်သုံးဆီအရောင်ဆိုင်များ စစ်ဆေး
(ဓာတ်ပုံ-အမှတ် ၂ - နယ်မြေရဲစခန်း)

မန္တလေး၊ မတ် ၁၆ ။            ။ မီးဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များကို မတ်လ ၁၆ ရက်၊ နံနက်ပိုင်းမှစတင်၍ စစ်ဆေးဆောင်ရွက်မှုများ   ပြုလုပ်လျက်ရှိသည်ဟု အောင်မြေသာစံမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်းမှ ရဲအုပ် ကမ်အောင်မြင့်က မဇ္ဈိမကိုပြောသည်။

ထိုသို့စစ်ဆေးမှုများပြုလုပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မီသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီ၊ ဝန်ထမ်းများ စသည်တို့ပါဝင်ကြောင်းသိရသည်။

မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီဆိုင်များကို စစ်ဆေးရာတွင် အမြှုပ်မီးသတ်ဆေးဗူး လုံးလောက်စွာ ထား၊ မထား။ သတ်မှတ်ပုံစံအတိုင်း ဆီသိုလှောင်မှု ရှိမရှိ၊မီးငြိမ်းသတ်မှု အထောက်အကူပြုပစ္စည်းများရှိမရှိ၊ ညွှန်ကြားချက်များ ကြေငြာထားရှိမှု ရှိ၊မရှိ၊ ဇာတ်တိုက်လေ့ကျင့်မှု ရှိ၊ မရှိနှင့် မီးဘေးစီမံချက် ရေးဆွဲထားမှုရှိ၊ မရှိတို့ကို စစ်ဆေးကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly