ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးစနစ်က ပြည်သူတွေအတွက် တကယ် အဆင်ပြေရဲ့လား (နိဂုံးပိုင်း)

16 March 2017
ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးစနစ်က ပြည်သူတွေအတွက် တကယ် အဆင်ပြေရဲ့လား (နိဂုံးပိုင်း)

ဦးမျိုးသန့် (Mizzima Media)

 

ကျွန်တော်တို့ မူဝါဒနဲ့ပတ်သက်ပြီးတော့ နည်းနည်း စဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့ ဒီ လုပ်မယ်ဆိုပြီးတော့ လုပ်လိုက်တယ်ပေါ့ နှစ်ပေါင်းများစွာလည်း ကြာခဲ့ပြီ မထသကနေ YBS ကို ပြောင်းတဲ့အခါမှာ မူဝါဒတွေကိုရော သေသေချာချာချပြီးတော့ ဥပမာဆိုကြပါစို့ သုံးလအတွင်းမှာ ဘာဖြစ်မယ် နှစ်လအတွင်းမှာ ဘာတွေ ရှိလာနိုင်တယ်ဆိုတာကိုရော ရန်ကုန်တိုင်းအစိုးရအနေနဲ့ စဉ်းစားခဲ့တာရော ရှိသလား။

 

ဦးတရုတ်လေး

YBS ၂၁ ယာဉ်လိုင်းပိုင်ရှင်

ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ YMDA မှာ သတင်းပြန်ကြားရေး အင်မတန်မှကို အားနည်းပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့နားလည်ထားတာက မူဝါဒတစ်ခုဆိုတာက မီဒီယာသိရမယ် မီဒီယာသိမှသာလျင် ကျွန်တော်တို့ ပြည်သူတွေသိမယ်။ ကျွန်တော်တို့ ယာဉ်လိုင်းတွေဆိုရင်လည်း လုုပ်ငန်းရှင်တွေသိမယ်၊ ယာဉ်လုပ်သားတွေသိမယ်။ ဒါမှသာလျင် ကျွန်တော်တို့က ကျွန်တော်တို့တင်ထားတဲ့အစိုးရ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ ဘယ်လိုကောင်းအောင်ပြုလုပ်ရမယ်ဆိုတာကို သိသင့်တယ်။ အရပ်စကားပြောရမယ်ဆိုရင် ဒီအချိန်မှာ တစ်ဦးတစ်ယောက်တည်း ယာဉ်ပိုင်ရှင်တွေသည် ဘယ်သူ့ကို မေးရမှန်းမသိဘူးဆိုတဲ့ အခြေအနေက အများကြီးရှိနေတယ် ဆိုတော့ ၂၀၁၆ ခုနှစ် ငါးလပိုင်းကစပြီးတော့ ဒီ အများပိုင်ယာဉ်လိုင်းစနစ်ကို အစည်းအဝေးခေါ်တဲ့အချိန်ကစပြီးတော့ အဆိုးဘက်ကကြည့်တယ်ဆိုရင်တော့ ပိုင်ရှင်တွေသည် မလိုက်ပါဘူး မပြောင်းလဲဘူး အစိုးရမူဝါဒကို ကန့်လန့်တိုက်တယ်လို့ မြင်နေတာတွေရှိတယ်။ မြင်အောင်လည်းပဲ လူကြီးတွေနားထဲကို တွန်းပို့နေတာတွေရှိတယ်။

သို့သော်လည်းပဲ ဒီ တစ်ဦးတစ်ယောက်တည်းမှာ ကြည့်မယ်ဆိုရင် အများပိုင်ယာဉ်တွေက ဒီနေ့အထိ ဒီမူဝါဒကို သေသေချာချာ မသိသေးဘူး။ ကျွန်တော်တို့ မြေပြင်အခြေအနေမှာ ဆွေးနွေးကြည့်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ဗော်လန်တီယာတွေ လုပ်ခဲ့တယ်။ လုပ်ခဲ့လွန်းအားကြီးလို့လည်း ကျွန်တော်တို့လည်း အတိုင်ခံရတာတွေလည်း ရှိတယ်။ ကျွန်တော်တို့ဆိုရင် ၁၈ ရက်နေ့မတိုင်ခင် ၁၄ ရက်နေ့ကတည်းက ငြိမ်နေလိုက်ရတဲ့ အခြေအနေမျိုးတွေလည်းရှိတယ်။ ဆိုတဲ့အခါကျတော့ ပြန်ပြီးတော့ သုံးသပ်မယ်ဆိုရင် ကျွန်တော်တို့ TMDA မှာ သတင်းပြန်ကြားမှု ရှိဖို့လိုတယ်လို့ ကျွန်တော် သုံးသပ်မိတယ်။ စောစောက ကျွန်တော်တင်ပြခဲ့သလိုပဲ အစိုးရမူဝါဒဆိုတာ အောက်ခြေက သိမှသာလျင် ကျွန်တေ်ာတို့က ပူးပေါင်းဆောင်ရွက်လို့ရမယ်။

ဦးမျိုးသန့် (Mizzima Media)

ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ အဲတော့ ကိုနေဘုန်းလတ် ခုနက YMDA လို့ ပြောတဲ့အခါမှာ ဒီ YMDA ရဲ့ အခန်းကဏ္ဍကို တော်တော်လေး ကျွန်တော်ထင်တယ် ဥပမာဆိုကြပါစို့ စည်းမဲ့ကမ်းမဲ့မောင်းတာ လုမောင်းတာ မှတ်တိုင်မှာမရပ်တာ ဒါ့အပြင် အခြားကိစ္စတွေလည်း ရှိဦးမှာပေါ့။ ဒီ YMDA ရဲ့ အခန်းကဏ္ဍမှာ ဘယ်လိုမြင်သလဲ ဘယ်လိုလုပ်ကြမလဲ သူ့ရဲ့အခန်းကဏ္ဍကို အရေးယူတာပဲဖြစ်ဖြစ် ထိန်းကြောင်းတာပဲဖြစ်ဖြစ် ဘယ်လိုလုပ်သင့်သလဲ။

ဦးနေဘုန်းလတ်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

အဲဒီဟာက ကျွန်တော်တို့ ဗော်လန်တီယာစလုပ်ကတည်းက ကျွန်တော်တို့ ပထမ ဗော်လန်တီယာရဲ့ အဓိကတာဝန်ကတော့ ပြည်သူတွေကို သတင်းအချက်အလက်တွေပေါ့ ဘယ်နေရာသွားချင်ရင် ဘယ်ကားစီးဆိုတာကိုပေါ့ ဒါမျိုးတွေကိုပဲ အဓိကလုပ်ရမယ်ဆိုပေမယ့် တကယ်တမ်း အဲဒီနေ့လည်ကျရော ကျွန်တော်တို့ ဘာတစ်ခု ထပ်လုပ်လိုက်ရလဲဆိုတော့ complain center ဖြစ်သွားတယ်။ ကျွန်တော်တို့ဖုန်းတွေအကုန်လုံးက အကုန်လုံးသိနေတဲ့အခါကျတော့ ပြဿနာတွေအကုန်လုံးက ကျွန်တော်တို့ဆီကိုလာတယ်။ အဲဒီပြဿနာတွေကို ရှင်းရတယ်ပေါ့နော်။ အဲဒီမှာ တစ်ခုပြောချင်တာက လမ်းညွှန်ဘုတ်တွေမှာလည်း ရေးထားတာတွေ ရှိပါတယ်။ ၁၈၁၈ ဆိုရင်လည်း အကုန်လုံးသိထားပြီးဖြစ်ပါတယ်။ အဲဒီ call center ဆိုရင်လည်း ပေးတာပေးထားရတယ် ဒါပေမယ ့် အဲဒီနံပါတ်ကိုခေါ်ရင် ဘာမှ ဖြေရှင်းချက်မရဘူး။ တက်လာတဲ့ကွန်ပလိန်းတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ စနစ်တစ်ခုကို သေချာလည်း မတည်ဆောက်ထားပဲနဲ့ ကျွန်တော်တို့ဝေတဲ့ ဒီ သန်းပေါင်းများစွာသော Pan flat တွေမှာလည်း အဲဒါတွေအကုန် ပါသွားပြီးတော့ တကယ်တမ်းကျတော့ ဘာ သတင်းအချက်အလက်မှလည်း မပေးနိုင်ဘူး။ ဘာကိုမှလည်း မဖြေရှင်းပေးနိုင်ဘူး။ နောက်ပြီးတော့ အဆိုးဆုံးပြဿနာတစ်ခုကတော့ ပိုက်ဆံဖြတ်တယ်။ ဒါမျိုးဖြစ်တယ် ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့က ဘာဖြစ်သွားလဲဆိုတော့ Complain Center အနေနဲ့ပါ ကျွန်တော်တို့ ဗော်လန်တီယာတွေကပါ ကူပေးလိုက်ရတာတွေ ဖြစ်သွားတယ်။ အဲဒီ ငါးရက်လုံးပေါ့။

အဲဒီငါးရက်မှာတင် ကျွန်တော်တို့ Complain တွေ တော်တော်ရတယ်ပေါ့နော်။ ရထားတာကတော့ လေးထောင်လောက်ရမယ်ထင်တယ်။ အဲဒီငါးရက်ပြီးတော့ ကျွန်တော်တို့က Complain Center ကို ထားသင့်တယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အကူးအပြောင်းလေးမှာဆိုရင်တော့ ပြဿနာလေးကတော့ ရှိမှာပဲလေ။ အဆင်မပြေမှုတွေရှိမယ်။ အဲဒီအချိန်မှာ ပြည်သူက ဘယ်ကို ဆက်ပြီးတော့ ငါတို့ အကူအညီတောင်းလို့ရမလဲ ဘယ်ကိုတော့ ငါတို့ပြဿနာလေးတွေ ပြောလို့ရမလဲဆိုတာကို မျှော်လင့်တယ်ပေါ့။ အဲဒါကြောင့်မို့ ကျွန်တော်ကတော့ ဒီ Complain Center ကို ဖြစ်သင့်တယ်။ ဖြစ်စေချင်တဲ့အတွက်ကြောင့်မို်လို့လဲ အခုချိန်ထိကို ကျွန်တော်တို့ ကူပေးဖို့ ကြိုးစားနေတယ်။  ဖြစ်နိုင်ရင် Complain Center က လမ်းပေါ်မှာ ခရီးသွားပြည်သူတွေ ရှိနေသရွေ့ Complain Center ဖုန်းတွေက ဖွင့်နေရမယ်။

အခုက ဘာဖြစ်နေလဲဆိုတော့ ၆ နာရီဆိုပိတ်တယ် ရုံးချိန်ပြီးရင် ပြန်သွားတယ်ဆိုတာ မဖြစ်သင့်ဘူး။ အဲတော့ ဖြစ်နိုင်ရင် ၂ ဆိုင်းခန့်ပေးပါ။ လူတွေကို သေချာခန့်ပေးပါ။ ပြီးရင် နောက်တစ်ခု ကျွန်တော်ကြိုးစားထာတာက လူငယ်အဖွဲ့တစ်ဖွဲ့ပေါ့နော် Yangon Bus Report ဆိုတဲ့ဟာရှိတယ်။ အဲဒီဟာလေးတွေကိုလည်း ကျွန်တော်တို့ အန်တီ ဒေါ်နီလာကျော်ကို ပြပြီးသွားပီ။ ပြပြီးတော့လည်း သူကလည်း ကောင်းပါတယ်တဲ့ အဲတော့ ဒါလေးကိုလည်း ကျွန်တော်တို့က တပ်ဆင်ပြီးတော့ တစ်ခါတည်း ဒီ ဘက်ကနေပြီးောတ့ တိုင်လို့ရတယ်ဆိုတဲ့ဟာလေးကိုလည်း လုပ်ပေးထားတယ်ပေါ့နော်။ တိုင်လိုက်ပြီဆိုတာနဲ့ ဟိုဘက်ကဟာကို တိုင်လိုက်တာနဲ့ မြင်သွားတာသွားပေါ်မယ်၊ ဖြေရှင်းပြီးပြီဆိုတဲ့ အကြောင်း သွားပေါ်တဲ့ ပုံစံမျိုးလေးအထိ လုပ်လို့ရအောင် ကျွန်တော်တို့ ဒါမျိုးလေး လုပ်ထားတယ်။ အဲဒါလေးကိုလည်း ကျွန်တော်တို့ တကယ်လို့ လူခန့်ပြီးရင် လူခန့်တဲ့အခါမှာလည်း ဖုန်းဖြေဖို့ရယ် ကွန်ပျူတာကျွမ်းကျင်တဲ့သူတစ်ယောက်လောက်လည်း ထည့်ခန့်ပေးပါဆိုပြီးတော့ ပြောထားပြီးတော့ အဲဒီမှာ အဲလိုလူမျိုးဖြေရှင်းနိုင်မယ်ပေါ့။

ဆိုလိုတာက ကြားကာလမှ tension လျော့သွားတယ်။ နောက်ပိုင်းလည်း ဘယ်လောက်ပဲအဆင်ပြေပြေ ဒါတွေကတော့ ရှိနေမှာပဲ။ ဒါလေးကို ကျွန်တော်က တည်ဆောက်စေချင်တဲ့ဆန္ဒလေးရှိတော့ အခုလည်း ကူညီနေပါတယ်။ ခုနက အကိုပြောသွားတဲ့ဟာကို ထပ်ပြီးတော့ စဉ်းစားမိတာက အသံနဲ့ တိုင်လို့ရတဲ့အနေအထားမျိုးလေး လုပ်နိုင်ရင်လည်း ဒါ ကျွန်တော် app ထွင်တဲ့သူတွေကိုလည်း ကျွန်တော် မေးကြည့်ပါဦးမယ်။ အဲလိုမျိုး အသံနဲ့ပြောပြီးတော့ တိုင်လို့ရမယ်ဆိုရင်လည်း ပိုပြီးတော့ အဆင်ပြေတာပေ့ါနော်။

ဦးမျိုးသန့် (Mizzima Media)

အဲတော့ ဖြေရှင်းနည်းတွေကလည်း နည်းနည်းပေါ်လာပြီ သာမာန်လူတွေအတွက် ဖြေရှင်းနည်းပေါ့နော်။ အဲတော့ မသန်စွမ်းသူတွေအတွက်ရော ဘယ်လိုများ ထပ်ပြီးတော့မှ ပိုပြီးတော့မှ ချောချောမွေ့မွေ့ ဖြစ်သွားအောင် ဘာတွေများ ထပ်ပြီးတော့ အကြံပြုချင်သေးလဲ .....

ဦးအောင်လွင်ဦး

အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်

ကျွန်တော်တို့ ဒီ သွားမယ့်လမ်းကြောင်းတွေအကုန်လုံးကို ပြောမယ်ဆိုရင်တော့ YBS ဆိုတဲ့ software လေးတွေ ရှိတယ်ပေါ့။ ကျွန်တော်တို့ မျက်မမြင်တော်တော်များများကလည်း ဒီ YBS စနစ်က တယ်လီဖုန်းကို တော်တော်များများ သုံးနေကြတယ်ပေါ့။ အဲဒီမှာလည်း ကျွန်တော်တို့ လမ်းကြောင်းတွေရှိတယ်။ မြင်တဲ့သူဆိုရင် ကြည့်လို့ရတယ်ပေါ့နော်။ စာတွေနဲ့ ရေးထားတာတွေ အဲဒီနေရာမှာ ဘယ်လိုပြောမလဲ အသံဆိုတဲ့အရာကို ထည့်ပြီးတော့ အသံဖိုင်လေးတွေ အသံသွငး်ထားပြီတော့ ထည့်ပေးလိုက်ဖို့ ကျွန်တော်တို့က ဘယ်ကနေဘယ်လိုသွားမယ်ဆိုတာ ကြည်လိုက်မယ် တွေ့မယ် တွေ့လိုက်တာနဲ့ အဲဒါကို နှိပ်လိုက်တာနဲ့ အသံကိုထွက်မယ် ဘယ်ကနေဘယ်ကို သွားလို့ရပါတယ်ဆိုတဲ့ အသံလေးပါ ပါလာတယ်ဆိုရင် ကျွန်တော်တို့အတွက် အဆင်ပြေတယ်။

ဦးမျိုးသန့် (Mizzima Media)

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ အဲတော့ ကျွန်တော် အခြား နည်းနည်းလေး ထပ်ပြီးတော့ ပြောရလို့ရှိရင် ခုနက ကျွန်တော်တို့ ပြောခဲ့သလိုပါပဲ မူဝါဒတွေ ပြုပြင်ပြောင်းလဲဖို့ ဝုန်းဝုန်းဆို လုပ်လိုက်ပြီးတော့မှ ပြီးတော့မှ ထပ်ပြီးတော့မှ ဖြစ်လာတဲ့ ပြဿနာတွေ အဲတော့ ကိုနေဘုန်းလတ် ကျွန်တော်ကို တစ်ချက်လေး ပြောပဲပါ ဥပမာ ရန်ကုန်တိုင်းအစိုးရပဲဖြစ်ဖြစ် ပြည်ထောင်စုအဆင့် အစိုးရ ဝန်ကြီးတွေမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် မူဝါဒတစ်ခုကို ဆုံးဖြတ်တော့မယ် အကောင်အထည်ဖော်တော့မယ်ဆိုရင် အဓိက ဘာလုပ်သင့်သလဲ ဘာတွေဖြစ်သင့်သလဲ။

ဦးနေဘုန်းလတ်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

ကျွန်တော်အမြဲပြောပါတယ် မူဝါဒတွေအကုန်လုံးက သေသေချာချာ Result လုပ် သေချာကောက် နောက်ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်နေတဲ့ အသိုင်းအဝိုင်းကနေ အသံတွေနားထောင်၊ အကြံပြုချက်တွေနားထောင် ပြီးမှ လုပ်မယ်ဆိုရင် Development ဖြစ်တယ်ဗျ။ အခုဆိုရင်ပဲ ဒီအကိုပြောတဲ့အတွက်ကြောင့် ဒါတွေဒါတွေကို စဉ်းစားလာရတယ်။ ဒါကြီးက ဒီ ယာဉ်လိုင်းဆိုတဲ့ဟာကြီးက လူပေါင်းစုံနဲ့ဆိုင်တယ်။ လူတွေနဲ့ဆိုင်တယ်၊ ကားတွေနဲ့ဆိုင်တယ်၊ နောက်တစ်ခါ လမ်းတွေ တံတားတွေ ဒါတွေနဲ့လည်းဆိုင်တယ်။ အဲဒါတွေအကုန်လုံးကို သေချာခြံုငုံ သုံးသပ်ပြီးတော့မှ လုပ်ရမယ်။ သက်ဆိုင်သူတွေရဲ့အသံတွေအကုန်လုံးကို နားထောင်ရမယ်။ အခု ဒီနေရာမှာ စကားတွေ ပြောခွင့်ရလို့သာ ဒိအသံတွေကို ကြားနေရတာ။

တကယ်တမ်းက အဲဒီပရောဂျက် မစခင်ကတည်းက ဒီအသံတွေကို နားထောင်ရမယ်။ နားထောင်ပြီးတော့မှ ဟုတ်ပြီ အကုန်လုံးအဆင်ပြေအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကို အဲဒီ ရလာတဲ့ ဒေတာတွေကမှတစ်ဆင့် ကျွန်တော်တို့ ပြန်ပြီးတော့ လုပ်မယ်ဆိုတဲ့ အနေအထားမျိုး။ အဲလိုမျိုးဖြစ်စေချင်တယ်။ အခုက ဘယ်လိုမျိုးလဲဆိုတော့ စမ်းကြည့်တယ် အဆင်မပြေဘူး၊ နောက်တစ်မျိုးပြောင်းလိုက်တယ် စမ်းကြည့်တယ် အဆင်မပြေဘူး ကြာတော့ အခြားကိစ္စတွေက စမ်းလို့ရတယ်ဗျ ဆေးတွေဘာတွေက ကြွက်ကလေးတွေနဲ့ စမ်းလို့ရတယ်။ ဒါက စမ်းလို့ကောင်းတဲ့ ကိစ္စမဟုတ်ဘူး။ ဒါက လူတွေနဲ့ သက်ဆိုင်တဲ့အရာဆိုတော့ အစောကြီးကတည်းက ပြည်သူတွေရဲ့ အသံတွေကို နားထောင်သင့်တယ်။ ပြီးတော့မှ တစ်ဆင့်ချင်းသွား။ အဲလိုပုံစံမျိုးဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေမယ် ချောမွေ့တာပေါ့။

အခုလည်း အမှန်တိုင်းပြောရင်တော့ YBS က ကျွန်တော်ထင်တာကတော့ ဝိုင်းတွန်းပြီးတော့ အသံတွေကို နားထောင်လုပ်ရင်တော့ အောင်မြင်မှာပါ။ အောင်မြင်အောင်လည်း လုပ်ရမှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုတ်လို့ကလည်း မရတော့ဘူးလေ။ ကျွန်တော်တို့ကလည်း အောင်မြင်တဲ့အထိ တတ်နိုင်သလောက် ဝိုင်းဝန်းပြီးတော့ ကြိုးစားရမယ်။ ဒါပေမယ့် ပိုပြီး ချောမွေ့စေချင်တယ်။ အကူးအပြောင်းကို ဒီထက်ပိုပြီးတော့ ချောမွေ့တာမျိုး ညင်သာတာမျိုး၊ အထူးသဖြင့် လူထုကို ဒီထက် ပိုမနာစေချင်ဘူး။ အမှန်တိုင်းပြောရရင် ကျွန်တော်တို့ လူထုကြားထဲ ဆင်းကြည့်ရင် သိနိုင်ပါတယ်။ သူတို့ ဘယ်လောက် ဒုက္ခတွေ ခံနေရတယ်ဆိုတာကိုပေါ့။ အစိုးရကို ချစ်လို့သာ မပြောကြတဲ့ အနေအထားမျိုးတွေပေါ့။ အဲတော့ ဒါ နောက်ပိုင်း နောက်နောင်တွေမှာ ကျွန်တော်တို့ အများကြီး ပြောင်းရဦးမှာ။ ပြောင်းဖို့ကိစ္စတွေ အများကြီးရှိသေးတယ်။ အဲလိုမျိုး ပြောင်းတဲ့အခါမှာ အထူးသဖြင့် လူထုမနစ်နာတဲ့ ပုံစံမျိုးတွေကို ကျွန်တော်တို့ ရွေးချယ်ပြီးတော့ ပြောင်းမယ်ဆိုရင် ဒါ ပိုပြီးတော့ ကောင်းမယ်လို့ ထင်ပါတယ်။

အပိုင်း(၁)အား အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/24276
အပိုင်း(၂)အား အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်-http://www.mizzimaburmese.com/article/24593

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly