အမ်မာဝတ်ဆန်၏ အတွင်းရေးဓာတ်ပုံများ ဟတ်ကာတစ်ဦး၏ ခိုးယူခြင်းခံရ

အမ်မာဝတ်ဆန်၏ အတွင်းရေးဓာတ်ပုံများ ဟတ်ကာတစ်ဦး၏ ခိုးယူခြင်းခံရ

မင်းသမီးအမ်မာဝတ်ဆန်သည် သူမ၏ ဒါဇင်နှင့်ချီသော အတွင်းရေးဓာတ်ပုံများ အွန်လိုင်းပေါ်၌ ပျံနှံ့ခဲ့မှုအပြီးတွင် တရားဥပဒေအရ ဖြေရှင်းဆောင်ရွက်ရန် ကြိုးပမ်းနေသည်။

Beauty and the Beast ဇာတ်ကား၏ မင်းသမီးဖြစ်သူ အမ်မာ၏ ပြောရေးဆိုခွင့်ရှိသူက ၀တ်စုံများစွာအား လဲလှယ်ဝတ်ဆင်နေသော အမ်မာ၏ ဓာတ်ပုံများသည် အခိုးခံခဲ့ရသည်ဟု အတည်ပြုခဲ့သည်။

“လွန်ခဲ့သော နှစ်အနည်းငယ်အကြာက အဝတ်အစားလဲနေတဲ့ အမ်မာကို ရိုက်ကူးထားသော ဓာတ်ပုံများ အခိုး ခံလိုက်ရပါတယ်” ဟု သူမ၏ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

“အဲ့ပုံတွေက အဖော်အချွတ်ပုံတွေမဟုတ်ပါဘူး။ ရှေ့နေတွေကို တရားဥပေဒအရ ဆောင်ရွက်ဖို့ စေခိုင်းထားပြီး ဖြစ်တာကြောင့် ကျနော်တို့ နောက်ထပ်မှတ်ချက်ပေးစရာ မလိုတော့ပါဘူး” ဟု သူက ဆက်ပြောခဲ့သည်။  

Vanity Fair အတွက် ဓာတ်ပုံရိုက်ကူးရာတွင် အမ်မာသည် သူမ၏ ရင်သားများအား ဖော်ခဲ့မိသောကြောင့် သူမ သည် မိန်းမဝါဒီ ဆန့်ကျင်သူတစ်ဦး ဖြစ်သည်ဆိုသော မှတ်ချက်များကို   ပြင်းထန်စွာ ငြင်းဆန်ပယ်ချခဲ့အပြီး၌ ယခုလို ဓာတ်ပုံများ အခိုးယူခံခဲ့ရခြင်းဖြစ်သည်။

လွန်ခဲ့သော ၂၀၁၄ ခုနှစ်တုန်းကလည်း သူမသည် ကုလသမဂ္ဂမှ ခန့်အပ်ထားသော အမျိုးသမီးသံတမန်အဖြစ် လိင်တန်းတူညီမျှမှုအကြောင်း မိန့်ခွန်းပေးခဲ့ပြီးနောက်တွင် အင်တာနက်ပေါ်၌ သူမ၏ အဖော်အချွတ်ဓာတ်ပုံများ ပေါက်ကြားသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခံခဲ့ရဖူးသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly