နိုင်ဂျီးရီးယားတွင် အမျိုးသမီး အသေခံဗုံးခွဲသူများ၏ လက်ချက်ကြောင့် လူ၂ ဦးသေဆုံးခဲ့

နိုင်ဂျီးရီးယားတွင် အမျိုးသမီး အသေခံဗုံးခွဲသူများ၏ လက်ချက်ကြောင့် လူ၂ ဦးသေဆုံးခဲ့

မတ် ၁၆ ။           ။ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဘတ်စ်ကားဂိတ်အနီး၌ အမျိုးသမီး အသေခံဗုံးဖောက်ခွဲသူ ၄ဦးသည် မိမိတို့ကိုယ်ကို ဗုံးဖောက်ခွဲခဲ့မှုကြောင့် လူ ၂ ဦးခန့် သေဆုံးခဲ့ကြောင်း နိုင်ငံတော်အာဏာပိုင်များက ပြောခဲ့သည်။

နိုင်ငံတော်အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ (NEMA) က ဗုံးပေါက်ကွဲမှုသည် မကြာသေးခင် ရက်သတ္တပတ်များ ကတည်းက အလားတူ တိုက်ခိုက်မှုများကို ကြံုတွေ့ခဲ့ရသည့် မိုင်ဒူဂူရီမြို့၏ ဆင်ခြေဖုံးအရပ်ဖြစ်သော အက်စ်မန်တီ၌ ဒေသစံတော်ချိန် မနက် ၁:၁၅ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း ပြောခဲ့သည်။

“ပေါက်ကွဲမှုကြောင့် အမျိုးသား ၂ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သော လူ ၁၆ဦးခန့်ကို အရေးပေါ်သူနာပြုနည်းများ ဖြင့် ပြုစုစောင့်ရှောက်ထားပါတယ်” ဟု အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟမ်အက်ဘ်ဒူခါဒါက ပြောခဲ့ သည်။

နိုင်ဂျီးယားနိုင်ငံမှ ဘိုကိုဟာရမ် အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့သည် မကြာခဏဆိုသလို အမျိုးသမီးငယ်များ၊ မိန်းမပျိုလေးများကို လူသားဗုံးအဖြစ် အသုံးချကာ တိုက်ခိုက်မှုများ ကျူးလွန်နေကြသည်။

ပြီးခဲ့သော စနေနေ့တွင် လုံခြံုရေးအတွက် စစ်တပ်အား ကူညီပေးနေသော ပြည်သူ့စစ်အဖွဲ့ဝင်များသည် ဘော်နို ပြည်နယ်၏ မြို့တော် မိုင်ဒူဂူရီသို့ ၀င်ရောက်ရန် ကြိုးပမ်းခဲ့သော အမျိုးသမီး အသေခံဗုံးဖောက်ခွဲသူ ၂ ဦးအား ပစ်သတ်ခဲ့ပြီး ထိုမိန်းမပျိုလေးတို့သည် ၁၈ နှစ်ခန့်သာ ရှိသေးကြောင်း NEMA မှ ပြောခဲ့သည်။ ထိုထဲမှ အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်သည်ဖြစ်ကြောင်း ယင်းအေဂျင်စီမှ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags