ဆီးရီးယားမှာ စစ်ပွဲတွေ အဆုံးသတ်ရေး မက်ဆီ တောင်းဆို

ဆီးရီးယားမှာ စစ်ပွဲတွေ အဆုံးသတ်ရေး မက်ဆီ တောင်းဆို
(ဓာတ်ပုံ - အီးပီအေ)

အာဂျင်တီးနားတိုက်စစ်မှူးနှင့် ယူနီဆက်ရဲ့ သံတမန်တစ်ဦးလည်းဖြစ်သူ မက်ဆီက ဆီးရီးယားမှာ စစ်ပွဲတွေ အဆုံးသတ်ရေးအတွက် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။

မကြာသေးခင် ဗုဒ္ဓဟူးနေ့က ဆီးရီးယားမြို့တော် ဒမာသက်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံး လူ ၃၀ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

"တစ်နေ့တာ စစ်ပွဲဟာ ရှည်လျားကြာမြင့်လွန်းလှပါတယ်။ ၆ နှစ်အတွင်း ပဋ္ဋိပက္ခတွေကြောင့် ဆီးရီးယားကလေးငယ်တွေဟာ ဓားစာခံတွေအဖြစ် အကြမ်းဖက်မှုနှင့် ရက်စက်မှုဆီ ဦးတည်ခံနေရပါတယ်။"လို့ မက်ဆီက သူ့ရဲ့ တရားဝင်ဖေ့ဘုတ်ခ်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။

ဖခင်တစ်ယောက်အနေနဲ့ "စိတ်နှလုံးဝမ်းနည်းကြေကွဲ" ခံစားရပါတယ်လို့ မက်ဆီက ပြောပါတယ်။ လက်နက်ကိုင်ပဋ္ဋိပက္ခတွေ အဆုံးသတ်ရေးအတွက် ပူးပေါင်းပါဝင်ကြဖို့ ဖေ့ဘုတ်ခ်မှာရှိတဲ့ follower တွေကိုလည်း ခေါ်ဆိုလိုက်ပါတယ်။

"စစ်ပွဲတွေအဆုံးသတ်ဖို့ ယူနီဆက်ဆီ သင်ရဲ့ အသံတွေနဲ့ တောင်းဆိုကြပါ"လို့ သူက ဆက်ပြောပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly