Earth Hour အထိမ်းအမှတ် ရွှေတိဂုံတွင် ဆီမီး ၁၀၀၀ ပူဇော်မည်

Earth Hour အထိမ်းအမှတ် ရွှေတိဂုံတွင် ဆီမီး ၁၀၀၀ ပူဇော်မည်

ရန်ကုန် မတ်၁၅ ။              ။ Earth Hour အထိမ်းအမှတ်အဖြစ် မတ်လ ၂၅ ရက်နေ့တွင် ရွှေတိဂုံစေတီတော်ရှိ ချမ်းသာကြီးတန်ဆောင်း၌  ဆီမီး ၁၀၀၀ ထွန်းညှိ ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာတော့ ဆီမီးထွန်းတယ်။ မီးထွန်းတာ ရည်ရွယ်ချက်ရှိတယ်။ Climate Change ကြောင့် သေဆုံးသွားတဲ့လူတွေကို သတိရတဲ့အနေနဲ့ ရွှေတိဂုံစေတီတော်ကို  ဆီမီးထွန်းကပ်လှူမှာဖြစ်ပါတယ်” ဟု ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ စီမံဆောင်ရွက်ရေးမန်နေဂျာ မမေမိုးဝါကပြောသည်။

အဆိုပါ Earth Hour လှုပ်ရှားမှုသည် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ နှင့် မြန်မာနိုင်ငံရာသီဥတု   ပြောင်းလဲခြင်းဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့်အတူ စေတနာဝန်ထမ်းများက ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ Earth Hour လှုပ်ရှားမှုကို အခြားနိုင်ငံများတွင် ခေတ္တမီးအမှောင်ချ ပြုလုပ်လေ့ရှိသည်။

Earth Hour လှုပ်ရှားမှုကို ၂၀၀၇ ခုနှစ်တွင် သြစတေးလျ နိုင်ငံရှိ ဆစ်ဒနီမြို့၌ စတင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ယခုနှစ်၌ ပထမဦးဆုံးအကြိမ်အဖြစ် ပြည်သူလူထုနှင့် ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly