သိန်းတစ်သောင်းဆုကြီး ပေါက်ခဲ့သော်

သိန်းတစ်သောင်းဆုကြီး ပေါက်ခဲ့သော်

မကြာခင်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးသောသိန်းဆုကြီး ထွက်ရှိတော့မှာပါ။ ဒီတော့ သိန်းတစ်သောင်းဆုကြီး ပေါက်ရင် သူငယ်ချင်းတို့ ဘာလုပ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒီတော့ သူငယ်ချင်းတို့ သိန်းတစ်သောင်းဆုကြီးပေါက်ရင် ဘာလုပ်ကြမှာလဲ။

 

 

 

ကျွန်တော် သိန်းတစ်သောင်းထီးကြီးပေါက်ရင် ကားအရင်ဝယ်စီးမယ်ပေါ့ဗျာ။ ကျွန်တော်ကကျောင်းသွားတက်တာ ဝေးတော့လေ ကားလေးနဲ့ဆိုတော့ သက်တောင့်သက်သာသွားရတာပေါ့ဗျာ။ ကျန်တဲ့ ပိုက်ဆံတွေကိုတော့ မိဘ ပြန်အပ်မှာပေါ့ ခင်ဗျ

 

 

 

အလှူလှူမယ် ဘုရားဖူးသွားမယ်။

 

 

 

 

Tablet ၀ယ်မယ်၊ ဖုန်းဝယ်မယ်၊ ကားဝယ်မယ်၊ ကိုယ်လိုချင်တာတွေ အကုန်ဝယ်ပစ်လိုက်မယ်။ ပြီးလို့ရှိရင် ကျန်တဲ့ ပိုက်ဆံကို ထီထပ်ထိုးမယ်။

 

 

 

 

သိန်းတစ်သောင်းထီ ပေါက်ရင် အလှူလှူမယ် မိဘတွေကိုပေးမယ်။ ကိုယ်သုံးချင်ရာ သုံးမယ်။

 

 

 

 

လက်ပ်တော့ဝယ်မယ်၊ အိုင်ဖုန်းဝယ်မယ်၊ Tablet လည်းဝယ်မယ်၊ ကားဝယ်မယ် ပြီးရင် အလှူလှူမယ် မြန်မာနိုင်ငံအနှံခရီးသွားမယ်။

 

 

 

 

သာသနာပြုမယ် ၊ ဘုရားတည်မယ်၊  ကျောင်းဆောက်မယ်ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ လူငယ်တွေမှာ လိုအပ်တဲ့ လူငယ်တွေအတွက် ကျွန်တော်တို့နိုင်ငံမှာ လိုအပ်ချက်တွေ အများကြီးရှိတယ် အထူးသဖြင့် ပရဟိတလိုနေရာမျိုးတွေပေါ့ ။အဲဒီလိုမျိုးနေရာတွေကို ကျွန်တော်တက်နိုင်တဲ့ ဘက်က Supporting ပုံစံမျိုးနဲ့ လုပ်ပေးမယ်လို့တော့ ရည်ရွယ်ထားပါတယ်။

 

 

 

သိန်းတစ်သောင်းဆုပေါက်လို့ကတော့ အလှူလုပ်မယ်။ မိဘမဲ့ဂေဟောတွေကို လှူမယ်။ ဆေးရုံတွေပေါ့ အဲဒီလိုနေရာတွေ လှူဖို့စဉ်းစားထားတယ်။

 

 

 

 

သိန်းတစ်သောင်းဆုရင် အရင်ဆုံး အဖေနဲ့ အမေကို ကန်တော့မယ်။ အဲဒါပြီးရင်တော့ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်။ ကိုယ်သွားချင်တဲ့နေရာကို ခရီးထွက်ပြီးတော့ အပန်းဖြေခရီး ထပ်သွားမယ်။

 

 

 

ကဲ သိန်းတစ်သောင်းကံစမ်းထားတဲ့ သူတွေကတော့ အခုလိုပဲ ပြောပြခဲ့ကြတာပါ။ Yope သူငယ်ချင်းတို့ကလည်း ကိုယ်သာ သိန်းတစ်သောင်းဆုကို ဆွတ်ခူးခွင့်ရမယ်ဆိုရင် ဘာတွေလုပ်မလဲဆိုတာကို ကျွန်မတို့ရဲ့ yope facebook နဲ့ Webwsite တွေမှာ ၀င်ရောက်ပြီးတော့ ကွန်းမန့်လေးတွေ ပေးခဲ့ကြပါဦး။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly